မြန်မာအပေါ်ဒဏ်ခတ်မှု ဆွစ်ဇာလန်ရုပ်သိမ်း

မြန်မာနိုင်ငံအတွင်းက ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံတဲ့အနေနဲ့ ဆွစ်ဇာလန်နိုင်ငံ က လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို ရုပ်သိမ်းပေးလိုက်ပြီလို့ AFP သတင်း တရပ်မှာ ဖော်ပြပါတယ်။

ဒါပေမယ့်လည်း မြန်မာ့နိုင်ငံရေးအခြေအနေ ပြန်ပြီးဆိုးဝါးလာမယ်ဆိုရင်တော့ အရေးယူမှုတွေ ကို ပြန်ပြီးလုပ်မယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖိနှိပ်ချုပ်ခြယ်ရာမှာ အသုံးပြု ဆက်နွယ်နေတဲ့ လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာက လွဲပြီးတော့ တခြားအရေးယူမှုတွေအားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ဆွစ်ဇာလန်နိုင်ငံက စီးပွားရေးဆိုင်ရာ SECO ရုံးကြေညာချက်ကို ကိုးကားပြီးတော့ ဖော်ပြတာပါ။

မြန်မာနိုင်ငံအတွင်းမှာ မကြာခင်က တွေ့လာရတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို ဆွစ်ဇာလန် အစိုးရကကြိုဆို ပြီးတော့ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေကြောင့် အရေးယူမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ လိုလားတယ်လို့ SECO ကြေညာချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ရဲ့ အစည်းအဝေးအတွင်းမှာ အခုလို မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆွစ်ဇာလန်ဝန်ကြီးတွေက ဆုံးဖြတ်ခဲ့ကြ တာဖြစ်ပြီးတော့ ဒါကို ဆွစ်ဇာလန်ရဲ့ စီးပွားရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနကနေပြီးတော့ ဆက်ပြီးတော့ ရေးဆွဲ အကောင်အထည်ဖော်ဖို့ လွဲှအပ်ခဲ့တာလို့ ဆိုပါတယ်။

ဥရောပသမဂ္ဂ၊ EU အနေနဲ့လည်း ပြီးခဲ့တဲ့လကပဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့ ထားခဲ့ပါတယ်။ အလားတူပဲ ကနေဒါ၊ သြစတြေးလျား စတဲ့နိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို လျှော့ချခဲ့ပါတယ်။ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံ အားပေးတဲ့အနေနဲ့ ြုမန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကို လျှော်ပေးခဲ့ပါတယ်။