အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ အကြီးမားဆုံး ကဗျာရွတ်ဆိုပွဲ တခုအကြောင်းကို နားဆင်ရမှာပါ။ လွတ်လပ်စွာ အနုပညာဖန်တီးခွင့်၊ လွတ်လပ်စွာ ပြောဆိုထုတ်ဖေါ်ခွင့်မရှိတဲ့ နိုင်ငံတွေက စာပေအနုပညာသမား တွေရဲ့ကိုယ်စား ကမ္ဘာအနှံ့က ကဗျာသမားတွေ၊ စာပေအနုပညာသမားတွေဟာ နိုင်ငံအလိုက် စုဝေးကြပြီး စက်တင်ဘာလ၂၄ရက်နေ့ တုန်းက ကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာလည်း အနုပညာရှင်တွေ စုဝေးပြီး ကဗျာတွေ ရွတ်ခဲ့ကြတဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ပြပါလိမ့်မယ်။