အခုတပတ် အနုပညာမိုးကောင်းကင်မှာတော့ မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့်တွေ ဘယ်လောက် ရှိနေသလဲဆိုတဲ့ အကြောင်းကို နားဆင်ရမှာပါ။ ရသစာပေ ရေးသားမှုတွေကို အရင်ကလောက် ထိန်းချုပ်မှုတွေ မရှိတော့သလို အနုပညာအကြောင်း ရေးသားမှုတွေကိုလည်း ဆင်ဆာအဖွဲ့ဆီ အရင်တင်စရာမလိုဘဲ ထုတ်ဝေပြီးမှ ဆင်ဆာတင်ရတဲ့ အခြေအနေ ဖြစ်နေပါပြီ။
ဒါပေမဲ့လည်း လွတ်လပ်စွာ ဖန်တီးရေးသားခွင့်ကတော့ အပြည့်အ၀ မရနိုင်သေးသလို တခြား ထိန်းချုပ်မှုတွေလည်း ရှိနေတုန်းပဲလို့ ရန်ကုန်အခြေစိုက် စာ၊ နယ်၊ ဇင်း သမားတွေက ဆိုပါတယ်။ ဒီအကြောင်းတွေကို သိနိုင်အောင်အပတ်စဉ်ထုတ်ဂျာနယ်တွေနဲ့မဂ္ဂဇင်းတွေမှာ ဆောင်းပါးတွေရေးသားနေတဲ့ ရန်ကုန်မြို့က ကိုကျော်လင်းဦးကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်အောင်လွင်က တင်ဆက်ထားပါတယ်။