လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာ ကဒါဖီဟာ ၂၇ နှစ်အရွယ် ၁၉၆၉ ခုနှစ်က ဘုရင် Idris ကို ဖြုတ်ချပြီး အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ NTC တပ်တွေ သူ့အိမ်ကို သြဂုတ်လတုန်းက ဝင်ရောက်သိမ်းပိုက်တဲ့အချိန်အထိ တိုင်းပြည်အာဏာကို ရယူထားခဲ့တာပါ။
ဗိုလ်မှူးကြီး ကဒါဖီဟာ အစွန်းရောက်သမား၊ တောက်ပတဲ့ ရောင်စုံတွေပါတဲ့ ဝတ်ရုံတွေနဲ့ သားကောင်တွေရဲ့ သားရေတွေကို ဝတ်ဆင်တတ်သူ၊ အမျိုးသမီး ကိုယ်ရံတော်တပ်ဖွဲ့ ထားသူ စသဖြင့် ဂုဏ်သတင်း ကြော်ကြားသူလည်း ဖြစ်ပါတယ်။
သူ့အနေနဲ့ အများလက်မခံနိုင်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်တတ်လေ့ရှိတာကြောင့် ကဒါဖီဟာ အရှေ့အလယ်ပိုင်းရဲ့ ခွေးရူးတကောင်ဖြစ်တယ်လို့ ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း Ronald Reagan က တင်စား ခေါ်ဝေါ်ခဲ့ပါတယ်။
သူဟာ ချက်နဲ့ အီရန်အပါအဝင် ကမ္ဘာ့တလွှားက တော်လှန်ရေးအတော်များများကိုလည်း ထောက်ခံ အားပေးခဲ့သူဖြစ်သလို အစ္စလာမ်အစွန်းရောက် စစ်သွေးကြွတွေကို သူ့တိုင်းပြည်အတွင်း နေထိုင်ခွင့် ပြုထားခဲ့သူလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ ကြမ်းဖက်မှုတွေမှာ ပါဝင်တဲ့အတွက်ဆိုပြီး အမေရိကန်သမ္မတ ရေဂင်က ၁၉၈၆ ခုနှစ်မှာ လစ်ဗျားနိုင်ငံကို ဗုံးကျဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ နောက် ၂ နှစ်အကြာမှာတော့ အမေရိကန်ပိုင် Pan Am လေကြောင်းလိုင်းက လေယာဉ် စကော့တလန်နယ် Lockerbie မြို့ပေါ်က ပျံသန်းနေတဲ့အချိန် သူ့ရဲ့ အမိန့်နဲ့ ဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့ရပါတယ်။
၁၉၄၂ ခုနှစ်က လစ်ဗျား သဲကန္တာရအတွင်း Bedoin မိသားစုက မွေးဖွားခဲ့တဲ့ မစ္စတာ ကဒါဖီဟာ လစ်ဗျားတက္ကသိုလ်က ဘွဲ့ရရှိပြီးတော့ စစ်တပ်အရာရှိတဦး ဖြစ်လာခဲ့ပါတယ်။
ဂဒါဖီ အာဏာသက် ၄၂ နှစ်
Libyan leader Muammar Gaddafi (C) arrives at Cairo university for a meeting with university professors, The armed woman to the right of Gaddafi is his personal bodyguard, May 27, 1996.