ဘန်ကီမွန်း အာရှ သုံးနိုင်ငံ ခရီးထွက်မည်

ဘန်ကီမွန်း အာရှ သုံးနိုင်ငံ ခရီးထွက်မည်

ဘန်ကီမွန်း အာရှ သုံးနိုင်ငံ ခရီးထွက်မည်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ လာမယ့်စနေနေ့ကစပြီး အာရှကို ခရီးထွက်ပါလိမ့်မယ်။ ဘင်္ဂလားဒေ့ချ်၊ ထိုင်းနဲ့အင်ဒိုနီးရှားနိုင်ငံတွေကို သွားမှာပါ။

ပြီးခဲ့တဲ့နှစ်က သူစတင်ပေးခဲ့တဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ကျန်းမာရေးဆောင်ရွက်မှုတွေ အဲဒီ ၃ နိုင်ငံမှာ တိုးတက်လာနေတာကို ကြည့်ရှုလေ့လာဖို့က မစ္စတာဘန်ကီမွန်း ခရီးစဉ်ရဲ့ အဓိက လုပ်ငန်းပါ။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာကျင်းပမယ့် ကုလသမဂ္ဂနဲ့အာဆီယံတို့ရဲ့ ၄ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကိုလည်း မစ္စတာဘန်ကီမွန်း တက်ရောက်ပါလိမ့်မယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးရောက်မြို့ကို မစ္စတာ ဘန်ကီမွန်းပြန်ရောက်လာပါလိမ့်မယ်။