အလုပ်အကိုင် ရှားပါးမှုတွေ ဆက်ပြီးရှိနေတာဟာ သမ္မတအိုဘားမားရဲ့ မူဝါဒမှားယွင်းမှုတွေကြောင့်ဆိုပြီး ရီပတ်ဗလစ်ကန်ဘက်က ဝေဖန်ပါတယ်။
အလုပ်အကိုင်ရှားပါးမှုတွေ ဆက်ရှိနေတာဟာ သမ္မတအိုဘားမားရဲ့ မူဝါဒမှားယွင်းမှုတွေကြောင့်ဆိုပြီး ရီပတ်ဗလစ်ကန်ဘက်က ဝေဖန်ပါတယ်။ သမ္မတအိုဘားမားကတော့ မော်တော်ကားကုမ္မဏီတွေရဲ့ လုပ်ငန်းတွေ ပြန်ပြီး နာလန်ထလာတာကို ဥပမာပေးရင်း သူ့ရဲ့ မူဝါဒတွေကို ခုခံကာကွယ်ပြောဆိုပါတယ်။ စီးပွားရေးအခြေအနေ ပြောဆိုချက်တွေအပြင် ရီပတ်ဗလစ်ကန်ဘက်က သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ်လို့ နာမည်ကြီးနေသူတွေက ဘာသာရေးညီလာခံမှာ သမ္မတအိုဘားမားရဲ့ မူဝါဒတွေကို ဝေဖန်ပြောဆိုကြတာတွေနဲ့ ပတ်သက်ပြီး ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။