မြန်မာဒီမိုကရေစီရေးနဲ့ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ

မြန်မာဒီမိုကရေစီရေးနဲ့ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ

ဖေဖဝါရီ ၁၈၊ ၂၀၁၂။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲဟာ ဘယ်လောက် တရားမျှတမှုရှိနိုင်မလဲဆိုတာကို နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံတွေက အရေးယူ စောင့်ကြည့်နေပါတယ်။ ဒီအခြေအနေအပေါ်မှာပဲ အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းမှုတွေ စတင်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောနေပါတယ်။

ဒါကြောင့် လာမယ့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအတွက် ဘယ်လောက်အရေးပါသလဲ၊ မြန်မာ့ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုအတွက် ဘယ်လောက် အထောက်အပံ့ဖြစ်စေမလဲဆိုတာကို သုံးသပ်ဆွေးနွေးထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦဖြစ်တဲ့ ကိုမြအေး၊ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်း၊ ရန်ကုန်ကိုရောက်နေတဲ့ မဇ္ဈိမသတင်း အယ်ဒီတာ ကိုစိန်ဝင်းတို့က အဓိက ပါဝင်ဆွေးနွေး သုံးသပ်ထားကြပါတယ်။