လိျှု့ဝှက်ထိန်းသိမ်းခွင့်ဥပဒေ တရုတ်လွှတ်တော်ပြင်ဆင်

တရုတ်နိုင်ငံမှာ သံသယရှိသူတွေကို လိျှု့ဝှက်စခန်းတွေမှာ ထိန်းသိမ်းနိုင်ခွင့် ဥပဒေကို အတည်ပြုဖို့ ပြင်ဆင်နေချိန်မှာ လူတွေပျောက်ဆုံးမှုတွေအတွက် လူထုမကျေနပ်တဲ့ ဆန္ဒပြပွဲတွေဖြစ်လာအပြီးမှာ ဒီဥပဒေကို အတည်ပြုဖို့ရှိတာကို အလျှော့ပေးလိုက်ပါတယ်။

တရုတ်လွှတ်တော်ထဲမှာ ဒီနေ့ ပြင်ဆင်တင်သွင်းလိုက်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေကြမ်းထဲမှာ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်မှုအတွက် သံသယရှိနိုင်သူတွေကို ထိန်းသိမ်းရာမှာ သူတို့ရဲ့မိသားစုတွေကို ရဲတွေ အနေနဲ့ အကြောင်းကြား စရာ မလိုဖူးဆိုတဲ့ အပိုဒ်ကို ဖြုတ်ပေးခဲ့ပါတယ်။

တရုတ်အမျိုးသားလွှတ်တော် ဒုဥက္ကဌ Wang Zhaoguo က တရုတ်နိုင်ငံရဲ့ ပြစ်မှုဆိုင်ရာ ဥပဒေဟာ ကျိုး ကြောင်း ဆီလျှော်မှု ရှိတယ်၊ ဒါပေမဲ့ ပြစ်မှုဆိုင်ရာ အပြစ်ရှိသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ အနေနဲ့ ခုလို ဥပဒေကို ပြင်ပေးတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ဒုဥက္ကဌ Wang က ဒီဥပဒေကို ဆွေးနွေးပြင်ဆင်ပေးရတာက လုပ်ငန်း အတွေ့အကြုံအရနဲ့ လူထုရဲ့အသံကို နားထောင်လိုလို့ဖြစ်တယ်၊ တရားရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်နေတာတွေကို ပိုလေးနက်စေချင်လို့ ဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေဖက်ကလဲ ခုလိုပြင်ဆင်လိုက်လျောပေးလိုက်တဲ့ ဥပဒေကို ကြိုဆို လိုက်ကြပါ တယ်။ အာဏာရှင်နိုင်ငံမှာ လူ့အခွင့်အရေးတွေ တိုးတက်စေဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ သူတို့က ဆိုကြပါတယ်။

ဒါပေမဲ့ ဒီပြင်ဆင်ပြီးသား ဥပဒေမှာတောင် ဒီလျှို့ဝှက်ဖမ်းဆီးတာတွေကို လုံးဝတာဆီးနိုင်မှာ မဟုတ်သေးဘူး၊ အကြမ်းဖက် သူလို့ သံသယရှိသူတွေကို ဖမ်းရာမှာ အစဉ်အလာရှိထားပြီသား ထိန်းသိမ်းရေး စခန်းတွေမှာ သူတို့မိသားစုတွေကို အသိ မပေးပဲ ထားလို့ရသေးလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိျှု့ဝှက်ဖမ်းဆီမှုကြောင့် ပျောက်ဆုံးမှု့လုပ်လိုက်တာတွေကို တရုတ်နိုင်ငံမှာ ဖွဲ့စည်းပုံအရ ဆန့်ကျင်မှုရှိပေမဲ့ အစိုးရဆန့်ကျင်ရေးသမားတွေကို ဖမ်းဆီးရာမှာ အာဏာပိုင်တွေက အသုံးပြုလာခဲ့ပြီး၊ ဒီပျောက်ဆုံးမှုတွေဟာ ပြီးခဲ့တဲ့နှစ်ထဲကစပြီး တရုတ်အစိုးရက အာရပ်ကမ္ဘာမှာလို ဆန္ဒပြပွဲတွေဖြစ်လာမှာ စိုးရိမ်ခဲ့အပြီးမှာ ပိုများလာ ခဲ့ပါတယ်။