အလုပ်သမားသမဂ္ဂနဲ့ အသင်းအပင်းဖွဲ့စည်းမှု လွတ်လပ်ခွင့်

အလုပ်သမားသမဂ္ဂနဲ့ အသင်းအပင်းဖွဲ့စည်းမှု လွတ်လပ်ခွင့်

ဇွန် ၁၁၊ ၂၀၁၁။ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိတဲ့ ILO သဘောတူညီချက်ကို မြန်မာနိုင်ငံက လက်မှတ်ထိုးထားပါတယ်။ ဒါကြောင့်လည်း ILO အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ကလည်း ဒီသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့အသင်းအပင်းဖွဲ့စည်းခွင့်တွေ ပေးဖို့ မြန်မာအဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

အစိုးရသစ်အနေနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ လူ့အခွင့်အရေးတွေကို ခံစားခွင့်ရစေမယ်လို့ သမတဦးသိန်းစိန်က ကတိကဝတ်ပြုခဲ့တာလည်းရှိပါတယ်။ ဒါကြောင့် အခု အစိုးသစ်အောက်မှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ အသင်းအပင်း လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့် ဘယ်အတိုင်းအတာအထိ မျှော်မှန်းနိုင်မလဲဆိုတာ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ပင်တိုင်ပါဝင်ဆွေးနွေးပေးသူတွေကတော့ ရန်ကုန်မြို့က ဥပဒေပညာရှင် ဦးအောင်သိန်းနဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှုး ဦးငွေလင်းတို့ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံတွင်း အလုပ်သမားရေးလှုပ်ရှားသူအချို့လည်း လေလှိုင်းထဲမှာ တိုက်ရိုက်ပါဝင်ဆွေးနွေးထားပါတယ်။