နယူးယောက်ခ်မြို့ အရင် ကမ္ဘာ့ကုန်သွယ်ရေးတိုက်ညီနောင် ရှိခဲ့တဲ့နေရာနားမှာ အစ္စလမ်ဘာသာဝင်တွေ ဗလီဆောက်ခွင့် တောင်းခံထားတာနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေအကြား အငြင်းပွားမှုတွေ ရှိနေပါတယ်။
နယူးယောက်မြို့ ၂၀၀၁ ခုနှစ်က ကမ္ဘာ့ကုန်သွယ်ရေးမိုးမျှော် တိုက်ညီနောင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့နေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ အစ္စလမ်ဘာသာဝင်တွေ ဗလီဆောက်ခွင့် တောင်းခံထားတာနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားရဲ့ ပြောဆိုချက်အပေါ် ဝေဖန်အငြင်းပွားနေကြတဲ့ အကြောင်းနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်စ် ရှေ့နှစ် ရာထူးက အနားယူတော့မယ့်အကြောင်း ပြောဆိုချက်တွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဒီတပတ် ဆွေးနွေးတင်ပြထားပါတယ်။