အမေရိကန်ပြည်ထောင်စုမှာ အစိုးရ အသုံးစရိတ် ဒေါ်လာ ၈၅ ဘီလျံ အလိုအလျောက် ဖြတ်တောက်မှု စတင်ဖို့ သတ်မှတ်ထား တဲ့ သောကြာနေ့မှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
အလိုအလျှောက် အသုံးစရိတ် ဖြတ်တောက်မှုအပေါ် တစုံတရာ ဆောင်ရွက်နိုင်ဖို့ ထိရောက်တဲ့ ဆွေးနွေးမှုဖြစ်ဖို့ ရည်ရွယ်တွေ့ဆုံတာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဘတ်ဂျက် ဖြတ်တောက်မှုကြောင့် စီးပွားရေးကို ထိခိုက်နိုင်သလို၊ လူပေါင်းထောင်သောင်းချီ အလုပ်လက်မဲ့ အခြေအနေ ရောက်သွား နိုင်ပြီး စစ်တပ်ရဲ့ဆောင်ရွက်မှုတွေကို ထိခိုက်နိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
အစိုးရဝင်ငွေ တိုးလာဖို့အတွက် ကြွယ်ဝတဲ့ အမေရိကန်တွေနဲ့ အမေရိကန် ကော်ပိုရေးရှင်း ကြီးတွေအပေါ် အခွန်လျှော့ပေါ့ ကောက်ခံနေတာကို အဆုံးသတ်ရေး အထက်လွှတ်တော်က ဒီမိုကရက်အမတ်တွေ တင်ပြတဲ့ အစီအစဉ်ကို ရီပတ်ပလစ်ကန်တွေက လက်ခံပေးဖို့ အင်္ဂါနေ့က သမ္မတက တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်း ၂ ခုကို အထက်လွှတ်တော်က အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့အတွက် နောက်ဥပဒေကြမ်းတခုကို ဘာကြောင့် အတည်ပြုရမလဲလို့ အောက်လွှတ်တော်ဥက္ကဌ ရီပတ်ပလစ်ကန်အမတ် ဂျွန် ဘေနာ (John Boehner) က ပြောကြားခဲ့ပါတယ်။