မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ရွေးခြယ် ရှေ့အပတ်ထဲအပြီးသတ်နိုင်ခြေရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က အာဆီယံရုံးချုပ်၊ ဧပြီ ၂၃၊ ၂၀၂၁။

Zawgyi/unicode

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ကူညီဖြေရှင်းရေး ကြားဝင်ဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်ကို ရှေ့သီတင်းပတ်အတွင်း ရွေးချယ်အတည်ပြုနိုင်မယ်လို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွက် အထူးသံတမန် ခန့်ထားရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တနင်္လာနေ့ တွေ့ဆုံတဲ့အခါ ဘယ်သူ့ကို ခန့်ထားမယ်ဆိုတာ ရွေးခြယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးဖို့အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေးကို သဘောတူကြောင်းနဲ့ အာဆီယံမူဘောင်အတွင်းကနေ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။
“ကျနော့်အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ပြီး ဆွေးနွေးရေးအပါအဝင် အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံမူဘောင်အတွင်းက ဆောင်ရွက်ဖို့အသင့်ရှိကြောင်း ပြောလိုပါတယ်။”

ပြီးခဲ့တဲ့ ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်း အာဆီယံ အထူးကိုယ်စားလှယ် ခန့်ထားရေးနဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေရပ်တန့်ရေး၊ စာနာမှုဆိုင်ရာ ကူညီမှုတွေကို ခွင့်ပြုရေးတို့ အပါအဝင် အာဆီယံမူဘောင် (၅) ချက်ကို စစ်ကောင်စီနဲ့ အာဆီယံခေါင်းဆောင်တွေအကြား သဘောတူခဲ့ကြတာပါ။
ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းကလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခတွေပြေလည်ရေးနဲ့ တိုင်းပြည် ပြန်လည် တည်ငြိမ်အေးချမ်းမှုရှိရေးတို့အတွက် အာဆီယံက ဦးစီးလုပ်ဆောင်သင့်ကြောင်း တိုက်တွန်းပြောဆိုနေကြပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် ရွေးချယ်မှု ရှေ့အပတ်ထဲအပြီးသတ်နိုင်ခြေရှိ


=====

Unicode





#MyanmarMilitaryCoup #MyanmarASEAN #VOABurmese #ASEANenvoyMyanmar