ကုန်ဈေးနှုန်းတက်လို့ ဆင်းရဲတွင်းနက်နိုင်

ကုန်ဈေးနှုန်းတက်လို့ ဆင်းရဲတွင်းနက်နိုင်

ကုန်ဈေးနှုန်းတက်လို့ ဆင်းရဲတွင်းနက်နိုင်

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က အစားအသောက် ဈေးနှုန်းတွေ ရုတ်တရက် မြင့်တက်ကုန်တာကြောင့် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေက သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နက်ရှိုင်းတဲ့ ဆင်းရဲတွင်းထဲကို ကျရောက်သွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

မနီလာအခြေစိုက် ငွေထုတ်ချေးတဲ့ အဖွဲ့ကြီးက ကမ္ဘာ့အစားအစာဈေး ဖောင်းပွမှုနဲ့ ဖွံ့ဖြိုးဆဲအာရှလို့ ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ဒီနေ့ ထုတ်ပြန်ရာမှာ ဒီနှစ် အစပိုင်းတွေထဲမှာ ဒေသတွင်း စီးပွားရေး အတော်များများမှာ ပြည်တွင်း အစားအစာဈေး ဖောင်းပွမှုနှုန်းဟာ ပျမ်းမျှခြင်းအားဖြင့် ၁၀% ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှုန်းထားအတိုင်း ဆက်တက်နေမယ် ဆိုရင်တော့ နောက်ထပ် လူသန်းပေါင်း ၆၄ သန်းရဲ့ ဝင်ငွေတွေဟာ ပြင်းထန်တဲ့ ဆင်းရဲမှု သတ်မှတ်ချက်ဖြစ်တဲ့ တနေ့ကို ၁.၂၅ ဒေါ်လာအောက် ကျသွားမယ်လို့ ဒီဘဏ်ကြီးက ဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာကပဲ မြင့်မားလာနေတဲ့ အစားအစာဈေးတွေအပြင် ရေနံစိမ်းဈေး ရုတ်တရက် မြင့်တက်ကုန်တာပါ တွဲလိုက်ရင်တော့ အာရှစီးပွားရေး တခုလုံးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေမယ့် အန္တရာယ် ရှိနေပြီလို့ သတိပေးလိုက်ပါတယ်။