အစ္စရေး တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၃၀ ထက်မနည်း ထပ်မံ သေဆုံး

အစ္စရေး တိုက်ခိုက်မှုခံရတဲ့ ဂါဇာအလယ်ပိုင်းက ခါဒီဂျာကျောင်း

ဂါဇာဒေသအလယ်ပိုင်းက Deir al Balah မြို့က ကျောင်းတခုကို အစ္စရေးဘက်က ပစ်ခတ်တိုက်ခိုက်တာကြောင့် ပါလက်စတိုင်း ၃၀ ထက်မနည်း သေဆုံးသွားတယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အစ္စရေးဘက်ကတော့ သူတို့က ဟားမတ်စ်တွေရဲ့ ကွပ်ကဲရေးရုံးကို တိုက်ခိုက်တာလို့ ပြောပါတယ်။

အဲဒီနေရာဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတဲ့မိသားစုတွေ အများဆုံးရှိတဲ့ နေရာတွေထဲကတခုဖြစ်ပြီး၊ တိုက်ခိုက်မှုကြောင့် နောက်ထပ် ၁၀၀ ကျော် ဒဏ်ရာရသွားတယ်လို့လည်း ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာနဲ့ ဟားမတ်စ်အစိုးရ ပြန်ကြားရေးဌာနက ပြောပါတယ်။

အစ္စရေးကစစ်တပ်ကတော့ ဂါဇာအလယ်ပိုင်းက ခါဒီဂျာကျောင်းအတွင်းမှာရှိတဲ့ ဟားမတ်စ်တွေရဲ့ ကွပ်ကဲရေးဌာနကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဟားမတ်စ်တွေဟာ အစ္စရေးတပ်တွေကို တိုက်ခိုက်ဖို့နဲ့ လက်နက်တွေ သိုလှောင်ထားဖို့အတွက် ဒီကျောင်းကို အသုံးပြုနေတာြဖစ်ပြီး၊ တိုက်ခိုက်မှု မလုပ်ခင်မှာ အရပ်သားတွေကို သတိပေးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ဒါ့အပြင် ဂါဇာတောင်ပိုင်းက Khan Younis မြိုုမှာလည်း ဒီနေ့ မနက်အရုဏ်တက်ချိန်က အစ္စရေးဘက်က တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၄ ‌ယောက် သေဆုံးသွားခဲ့ပါတယ်။