အိန္ဒိယပေါက်ကွဲမှု ၈၉ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်အတွင်း ဂက်စ်အိုးပေါက်ကွဲရာ စားသောက်ဆိုင်အနီး မြင်ကွင်း (စက်တင်ဘာ ၁၂၊ ၂၀၁၅)

အိန္ဒိယအလယ်ပိုင်းမှာရှိတဲ့ လူစည်ကားရာ စားသောက်ဆိုင်တဆိုင်အတွင်း မီးဖိုချောင်သုံး ဂတ်စ်အိုးပေါက်ကွဲတာကြောင့် လူ ၈၉ ဦးထက်မနည်းသေဆုံးပြီး ၁၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် နောက်ထပ် တိုးလာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ Madhya Pradesh ပြည်နယ်က စားသောက်ဆိုင်မှာ မနက်စာလာရောက်စားသုံးသူတွေနဲ့ ပြည့်နှက်နေချိန် အခုလို အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့ပြီး အနီးအနားမှာရှိတဲ့ အဆောက်အဦးတွေလည်း ပျက်စီးခဲ့ပါတယ်။ ပထမအကြိမ်ပေါက်ကွဲမှုကြောင့် လောင်တဲ့မီးဟာ အနီးအနားက တခြား ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ထပ်မံလောင်ကျွမ်းပြီး နောက်တကြိမ်ပေါက်ကွဲမှု ထပ်ဖြစ်တယ်လို့ တချို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

အမည်မဖေါ်လိုတဲ့ အိန္ဒိယ ရဲအရာရှိတွေရဲ့အဆိုအရ ဂတ်စ်အိုးပေါက်ကွဲတဲ့ အခန်းနားက မိုင်းလုပ်သားတွေ အသုံးပြုတဲ့စနစ်တံ သိုလှောင်တဲ့အခန်းကို မီးကူးစက်ပြီး ထပ်မံပေါက်ကွဲတာလို့ အေပီသတင်းတရပ်မှာ ဖေါ်ပြထားပါတယ်။ ပြောပါတယ်။ အခုအခါမှာ ကယ်ဆယ်ရေးလုပ်သားတွေ၊ စေတနာ့ဝန်ထမ်းတွေဟာ အပျက်အစီးအောက်က အသက်ရှင်ကျန်ရစ်နိုင်သူတွေကို ဆက်လက် ရှာဖွေနေပါတယ်ခင်ဗျာ။