Atlantis လွန်းပျံယာဉ် နောက်ဆုံးခရီးစဉ် စတင်

Atlantis လွန်းပျံယာဉ် နောက်ဆုံးခရီးစဉ် စတင်

နှစ်ပေါင်းသုံးဆယ်အတွင်း အာကာသထဲမှာ (၁၃၅) ကြိမ်မြောက် နောက်ဆုံးအခေါက်အဖြစ် နိုင်ငံတကာ အာကာ သစခန်းကို ပျံသန်းသွားတဲ့ အမေရိကန် အာကာသလွန်းပျံယာဉ် အတ္တလန္တစ္စ (Atlantis) ဟာ မနေ့က ဇူလိုင်လ ၈ ရက်နေ့မှာ ကမ္ဘာပတ်လမ်းကြောင်းထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

မိုးတွေ ရွာမယ်၊ တိမ်တွေအုံ့ဆိုင်းမယ် ဆိုတဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကြောင့် ရက်တွေရွှေ့ဆိုင်းပြီး လွန်းပျံ ယာဉ် အတ္တလန္တစ္စရဲ့ သမိုင်းဝင် နောက်ဆုံးခရီးစဉ် ပျံသန်းမှုကို စောင့်ဆိုင်းခဲ့ကြရတဲ့ ပရိသတ် ၁ သန်းလောက် ဟာ မနေ့က ဇူလိုင်လ (၈) ရက်နေ့ကတော့ ဖလော်ရီဒါပြည်နယ် ကနေဒီ အာကာသစခန်းရဲ့ အနီးတဝိုက်တွေမှာ စုရုံးရောက်ရှိနေခဲ့ကြပါတယ်။

လာမယ့်တနင်္ဂနွေနေ့ ဇူလိုင် ၁၀ ရက်နေ့မှာ လွန်းပျံယာဉ် အတ္တလန္တစ္စဟာ နိုင်ငံတကာ အာကာသစခန်းမှာ ဆိုက် ကပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် အမျိုးသားအာကာသအေဂျင်စီ NASA က အရာရှိတွေက ပြောဆို ပြီး ဒီတခေါက်ဟာ အလွန်အလုပ်များ ခဲ့ကြရတယ်လို့လည်း ဆိုကြပါတယ်။ လွန်းပျံယာဉ် အတ္တလန္တစ္စရဲ့ အခု ၁၂ ရက်ကြာခရီးအတွင်း လိုက်ပါသွားကြတဲ့ အာကာသယာဉ်မှူး လေးဦးတို့ဟာ နိုင်ငံတကာ အာကာသ စခန်းမှာ လို အပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ၊ အပိုပစ္စည်းတွေ တပ်ဆင်ကြမှာဖြစ်ပြီး အာကာသဆိုင်ရာ သိပ္ပံနည်းကျ လက် တွေ့စမ်းသပ်မှု များစွာကိုလည်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒီနှစ်ကုန်ကို နောက်ဆုံးထားပြီး အာကာသထဲကို ပုဂ္ဂလိကခရီးစဉ်အနေနဲ့ အလည်အပတ် သွားရောက်ကြမယ့် စီးပွားရေး လုပ်ငန်းတွေကို စတင်တဲ့အချိန်မှာ နိုင်ငံတကာ အာကာသစခန်းထဲမှာ လိုအပ်ချက်တွေကို အခု ခရီး စဉ်မှာ ဖြည့်တင်းထားပေးကြမှာ ဖြစ်ပါတယ်။