ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိမှု ၅ မှုအနက် ၃ မှုကို အထူးတရားရုံးကြားနာ

Myanmar's State Counselor Aung San Suu Kyi

Myanmar's State Counselor Aung San Suu Kyi

[[Zawgyi/Unicode]]

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲထားတဲ့ အဂတိလိုက်စားမှု ၅ မှုထဲက ၃ မှုကို နေပြည် တော် အထူးတရားရုံးမှာ ဒီနေ့ စစ်ဆေးကြားနာပါတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေကြောင့် တရားရုံး ကြားနာမှုတွေ ရပ်နားထားခဲ့ပြီး ဒီနေ့ ဇန်နဝါရီလ ၇ ရက်မှာ ပြန်လည်စတင်တာဖြစ်ပါတယ်။ ဒီကနေ့တရား ရုံး ချိန်း အခြေအနေ သိထားရသမျှ ရန်ကုန်ကလာတဲ့ သတင်း ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အဂတိလိုက်စားမှုတွေကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးကြားနာခဲ့ပါတယ်။ နေပြည်တော်မှာ အမှုဖွင့်ခဲ့တဲ့ အဂတိအမှု ၄ ခုနဲ့ ရန်ကုန်တိုင်းမှာ အမှုဖွင့်ခဲ့တဲ့ အဂတိမှု ၁ မှုထဲက နေပြည်တော်ကအမှု ၃ ခုကို ဒီနေ့ ကြားနာစစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီအမှု ၃ ခုလုံးအတွက် စစ်ကောင်စီဘက်က လိုပြ သက်သေ ၂ ဦးအဖြစ် နေပြည်တော် စည်ပင်သာယာရေးကော်မတီက အရာရှိ ဦးနေမျိုးအောင်နဲ့ နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနဲ့ မြေစီမံခန့်ခွဲမှုဌာန အရာရှိ ဦးအောင်မျိုးဦးတို့ လာရောက် ထွက်ဆို ခဲ့ ကြတယ်လို့ ရှေ့နေတဦးကပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုစွဲထားတဲ့ အမှုလေ။ အမှုနံပါတ် ၃၊ ၄၊ ၅ပေါ့။ အဲဒီ ၃ မှုကိုစစ်ဖြစ်ပါတယ်။ သက်သေက စည်ပင်ကသက်သေ ၂ ယောက်ပါ။ ဒုတိယဌာနမှူးနဲ့ ဦးစီးအရာရှိ ၂ ယောက်ကိုစစ်ပါတယ်။ ဟုတ်တယ် ၃ မှုပဲ။ သက်သေ ၂ ယောက်က ၃ မှုစလုံးမှာပါတယ်။ အဲဒီ ၃ မှုပဲ စစ်ဖြစ်တယ်။ သူတို့ကတော့သူတို့ဆောင်ရွက်တဲ့ကိစ္စကိုပဲ ထွက်သွားတာပါ။ သိပ်ထူးထူးခြားခြားမရှိပါဘူး။”

နေပြည်တော်မှာ လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းအတွက် မြေနေရာ ၂ ခုရယူခဲ့ မှုမှာ ရာထူးအာဏာသုံးခဲ့တယ်ဆိုပြီး NLD အစိုးရဝန်ကြီးတွေနဲ့ အတူ ပူးတွဲစွဲထားတဲ့ အမှု ၂ မှုနဲ့ လရောင်တော စီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက်လုပ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို စွဲဆိုထားတဲ့အမှု ၁ မှုတို့ ကို ဒီနေ့ကြားနာခဲ့တာဖြစ်ပါတယ်။ ဦးဖြိုးမင်းသိန်းဆီကနေ ရွှေ့နဲ့ဒေါ်လာငွေတွေ လက်ခံယူခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို စွဲဆိုထားတဲ့အမှုတို့ ကိုတော့ ဒီကနေ့ ကြားနာစစ်ဆေးခြင်း မရှိခဲ့ပါဘူး။

လရောင်တော စိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းအတွက် မြေ နေရာ၂ ခုရယူမှုနဲ့ဆက်နွယ်ပြီး NLD အစိုးရနေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူတို့ကိုပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုတွဲ တရားစွဲခံထားကြရပါတယ်။

ဒီအဂတိလိုက်စားမှုတွေကို ရှေ့တပတ် ဇန်နဝါရီ ၁၄ ရက်နေ့ကျရင် ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင်တော့ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ထဲမှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် အဆောက်အဦးနဲ့ မြေနေရာ ရယူမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည် တယာက်တည်းကိုစွဲဆိုထားတဲ့ အဂတိအမှုအတွက် ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရုံးက အရာရှိဒေါ်ခင်မာချို က စစ်ကောင်စီ သက်သေအနေနဲ့လာ ရောက်ထွက်ဆိုဖို့ရှိနေပါတယ်။

“၁၄ ရက်နေ့ချိန်းထားတယ်။ စာရင်းစစ်ချုပ်ရုံးက တာဝန်ရှိသူကိုစစ်မယ်ပြောတယ်ဗျ။ ရန်ကုန်အမှုလည်းပါမယ်။ နေပြည်တော်အမှုလည်းပါမယ်၊ စာရင်းစစ်ချုပ်ရုံးက သူကိုစစ်မယ်ဆိုတာဘဲ သိတာပေါ့နော်။”

ဦးဖြိုးမင်းသိန်းဆီကနေ ရွှေ့နဲ့ဒေါ်လာငွေတွေ လက်ခံယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစု ကြည် တယောက်တည်းအပေါ် စွဲဆိုထားတဲ့အမှုကို ရှေ့တပတ်ကြားနာပွဲမှာ စစ်ဆေးဖို့ မရှိသေးဘူးလို့လည်း သိရပါတယ်။ လာမယ့် ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတို့နဲ့ တရားစွဲထားတဲ့ အမှု နှစ်ခု နဲ့ အရပ်သားကစွဲဆိုထားတဲ့ သဘာဝဘေးအမှု ၁မှု ပေါင်း ၃မှုအတွက် အပြီးသတ်အမိန့်ချမှတ် ဖို့ရှိနေပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ အဂတိမှု ၅ မှုအနက် ၃ မှုကို အထူးတရားရုံးကြားနာ

=============

[[Unicode]]











=============