ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုစွဲချက် ဆက်လက်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည် ဘာသာပေါင်းစုံရဲ့ ငြိမ်းချမ်းမေတ္တာ လှုပ်ရှားမှုတခုမှာ စကားပြောနေစဉ်။ (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}


ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုစွဲချက်တွေထဲက လရောင်တောသင်တန်းကျောင်းမြေယာအမူတွေအတွက်ပဲ ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်စုကိုစွဲထားတဲ့ အဂတိလိုက်စားမှု လေးမှုထဲက လရောင်တောစိုက်ပျိုးသက်မွေးပညာသင်တန်းကျောင်း စီမံကိန်း မြေနေရာနှစ်ခုရယူခဲ့တာနဲ့ဆက်စပ်တဲ့ အမှု နှစ်ခုအတွက်ပဲ ကြားနာခဲ့တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ဒီအမှုနှစ်ခုလုံးအတွက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဘက်ကပြန်လှန်မေးခွန်းတွေ မေးခဲ့ကြပါတယ်။

လရောင်တောစီမံကိန်းအတွင်း နေထိုင်ဖို့ နေအိမ်ဆောက်လုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို စွဲဆိုထားတဲ့အဂတိမှုနဲ့ ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်တဲ့အဂတိမှုတို့ကိုတော့ ဒီနေ့မှာ မစစ်ဆေးဖြစ်ပါဘူး။

အဂတိမှုတွေအတွက် နောက်တကြိမ်ရုံးချိန်းကို ဒီဇင်ဘာ ၃ ရက်၊ ရှေ့သီတင်းပတ် သောကြာနေ့ကို သတ်မှတ်ထားပြီး အဲဒီနေ့မှာ ဦးဖြိုးမင်းသိန်းနဲ့ဆက်စပ်တဲ့ အမှုတခုတည်းကို စစ်ဆေးဖို့လုပ်မယ်လို့သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွဲဆိုထားတဲ့အဂတိမှုမှာ စစ်ကောင်စီဘက်ကတင်တဲ့ တရားလိုပြ သက်သေနှစ်ဦးကို ဆင့်ခေါ်စစ်ဆေးဖို့ရှိတယ်လို့ တရားရုံးကပြောထားပါတယ်။

အဲဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်အကူ ဒေါ်ဝေဝေသန်းကို တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုဖို့ တရားရုံးဘက်က ဆင့်ခေါ်မယ်လို့ ပြီးခဲ့တဲ့ရုံးချိန်းမှာ ပြောထားပေမယ့် လာမယ့်အပတ်ရုံးချိန်းမှာ ဆင့်ခေါ်မခေါ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေအနေနဲ့ အမှုစစ်ဆေးတာတွေနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ မပြောရဘူးလို့ ပုဒ်မ ၁၄၄ နဲ့ တားမြစ်ထားတာကြောင့် ကြားနာပွဲ အသေးစိတ်တွေကို မေးမြန်းနိုင်ခြင်းမရှိပါဘူး။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုစွဲချက် ဆက်လက်စစ်ဆေး


===========

{{Unicode}}









