ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူတွေ လိုက်ပါလာတဲ့ သင်္ဘောတစင်း အိန္ဒိယသမုဒ္ဒရာထဲမှာ တိမ်းမှောက်ရာက လူ ၄ ဦး သေဆုံးပြီး အများစုကိုတော့ ရေတပ်က ကယ်တင်နိုင်ခဲ့ကြောင်း သြစတြေးလျ အာဏာပိုင်တွေက ပြောပါတယ်။
သြစတြေးလျ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေး အေဂျင်စီကတော့ ခိုလှုံခွင့် လျှောက်ထားသူတွေကို ထိန်းသိမ်းလေ့ရှိတဲ့ ခရစ္စမတ်ကျွန်းရဲ့ မြောက်ဘက် မိုင် ၈၀ လောက် အကွာမှာ အင်္ဂါနေ့က မတော်တဆမှု ဖြစ်ခဲ့တဲ့အကြောင်း ပြောပါတယ်။
သင်္ဘောက အရေးပေါ် အကူအညီ တောင်းခံခဲ့တဲ့အတွက် သြစတြေးလျ ရေတပ်က သင်္ဘော ၂ စင်း စေလွှတ်ခဲ့ပြီး ပင်လယ်ပြင်မှာ လှိုင်းလေ ပြင်းထန်နေတာကြောင့် ခရစ္စမတ်ကျွန်းကို အစောင့်အရှောက်နဲ့ ခေါ်ဆောင်လာခဲ့ရတယ်လို့လည်း ပြောခဲ့တာပါ။ ရာသီဥတု ဆိုးရွားနေတဲ့အတွက် တိမ်းမှောက်သွားတဲ့ သင်္ဘောပေါ်ကို ချက်ခြင်း မတက်နိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။
နောက်ပိုင်း သင်္ဘောပေါ်က လူတွေ ရေထဲခုန်ချချိန်မှာတော့ သြစတြေးလျ စစ်လေယာဉ်ပေါ်ကနေ အသက်ကယ်ဖောင်တွေ ပစ်ချပေးခဲ့ရာက လူပေါင်း ၁၄၄ ယောက်ကို ကယ်တင်နိုင်ခဲ့တာပါ။
အသက်မသေ ကျန်ရစ်သူတွေကို ခရစ္စမတ်ကျွန်းကို ပို့ပြီး ကယ်ဆယ်ရေး အစီအစဉ်တွေ အဆုံးမသတ်မီမှာလည်း သေဆုံးသူ အလောင်း ၄ လောင်းကို သြစတြေးလျ ရေတပ်က တွေ့ရှိခဲ့ကြပါတယ်။ ခိုလှုံခွင့်ရဖို့ ကြိုးပမ်းသူတွေဟာ ဘယ်နိုင်ငံက လာသူတွေလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။
မကြာသေးခင်နှစ်တွေ အတွင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံကနေ လူမှောင်ခိုသူတွေရဲ့ အစီအစဉ်နဲ့ သြစတြေးလျမှာ ခိုလှုံခွင့်ရဖို့ ခနော်နီခနော်နဲ့ လှေသင်္ဘောတွေနဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းရင်း သေဆုံးသူ အရေအတွက်ကတော့ ရာဂဏန်းနဲ့ချီ ရှိခဲ့ပါတယ်။