ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ ထောက်ခံသူတွေ ရိုက်နှက်ခံရ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာရဲ့ဖခင်နေအိမ်ပြတိုက်ဖွင့်ထားရာဆီသွားကြမယ့်သူတွေကို ဆန္ဒပြကျောင်းသားတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက ရိုက်နှက်တားဆီးနေစဥ်။ (သြဂုတ် ၁၅၊ ၂၀၂၄)

ဘင်္ဂလာဒေ့ရှ် နိုင်ငံမှာ ရာနဲ့ချီတဲ့ ကျောင်းသားဆန္ဒပြသူတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေဟာ ဖြုတ်အချခံရတဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနာ ထောက်ခံသူတွေကို ဝါးရင်းတုတ်တွေ၊ သံပိုက်လုံးတွေနဲ့ရိုက်နှက်ပြီး သူမ ဖခင်လွတ်လပ်ရေး ခေါင်းဆောင် ရှိတ်မူဂျီဘာ ရာမန်ရဲ့နေအိမ်ဟောင်းဆီ မသွားနိုင်အောင် တားဆီးခဲ့ကြပါတယ်။

ဒက်ကာမြို့တော်မှာ ရှိတဲ့ အဲ့ဒီအိမ်ဟာ အခုအခါမှာ ဘန်ဂါဘန်ဒူး အောက်မေ့ဘွယ်ပြတိုက်အဖြစ်ထားရှိတာဖြစ်ပြီး အဲဒီမှာ ရှိတ်မူဂျီဘာ ရာမန်နဲ့ သူ့မိသားစုဝင်အများစု အလုပ်ကြံခံရတဲ့ ၁၉၇၅ သြဂုတ်လ ၁၅ ရက် စစ်တပ်အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ပြသထားတာပါ။ အဲဒီအချိန်က ရှိတ်ဟာစီနာဟာ သူ့ညီမငယ်နဲ့အတူ ဂျာမနီကို အလည်ခရီးသွားနေတာကြောင့် အသက်မသေ ကျန်ရစ်တာဖြစ်ပါတယ်။

ရာမန်ကို ဘန်ဂေါဒေသရဲ့ မိတ်ဆွေလို့ အဓိပ္ပါယ်ရတဲ့ ဘန်ဂါဘန်ဒူးလို့ အများက ချစ်မြတ်နိုးစွာခေါ်ခဲ့ကြတာပါ။ အခုတော့ ဘင်္ဂလားဒေ့ရှ်မှာ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ရတဲ့ လူထုအုံကြွမှုကနေ ရှိတ်ဟာစီနာ နုတ်ထွက်ခဲ့တဲ့နောက် ဆန္ဒပြသူတွေက ဒီပြတိုက်ကိုပါမီးရှို့ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၅ ရက် နေ့ဟာ ရာမန်အလုပ်ကြံခံရတဲ့ နှစ်ပတ်လည်နေ့ ဖြစ်တဲ့အတွက် အခု အိန္ဒိယမှာ ခိုလှုံနေတဲ့ ရှိတ်ဟာစီနာက ရာမန်ကိုဂုဏ်ပြုတဲ့အထိမ်းမှတ်နေ့ဆင်နွှဲဖို့ သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာပါ။

သူ့လက်ထက်က သြဂုတ်လ ၁၅ ရက်နေ့ကို လူထုအားလပ်ရက် သတ်မှတ်ပေးခဲ့ပေမယ့် အခု Muhammad Yunus ဦးဆောင်တဲ့ကြားဖြတ်အစိုးရက ဒီအားလပ်ရက်ကို ဖျက်သိမ်းခဲ့ပြီး သူ့ကို ထောက်ခံသူတွေ အထိမ်းအမှတ်မကျင်းပနိုင်အောင် ဆန္ဒပြသူတွေက တားဆီးခဲ့ကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာဆီနာထောက်ခံသူတွေ ရိုက်နှက်ခံရ