အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက သံအမတ်ဟောင်း Ryan Crocker ကို အမေရိကန်နိုင်ငံရဲ့ BBG အသံလွှင့်ဘုတ် အဖွဲ့ရဲ့ အကြီးအကဲအဖြစ် အဆိုပြုမယ်လို့ ကြေငြာလိုက်ပါတယ်။ BBG အသံလွှင့်ဘုတ်အဖွဲ့ဟာ ဗွီအိုအေ အပါအဝင် တခြားအစိုးရက ထောက်ပံ့ပေးထား တဲ့ နိုင်ငံတကာသတင်းမီဒီယာ အဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲတဲ့အဖွဲ့ဖြစ်ပါတယ်။
သံအမတ်ဟောင်း Crocker ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဆင့်မြင့်ဆုံး ဂုဏ်ပြုခံရတဲ့ သံတမန်တွေထဲက တဦးဖြစ်ပါတယ်။ သူဟာ အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ၃၇ ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်၊ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အငြိမ်းစားယူခဲ့တာဖြစ်ပါတယ်။
သူဟာ အီရတ်၊ ပါကစ္စတန်၊ ဆီးရီးယား၊ လယ်ဘနွန်နိုင်ငံတွေမှာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ သူနောက်ဆုံး သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တာကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာဖြစ်ပါတယ်။