အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ Children's National ကလေးဆေးရုံကို အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Dr. Jill Biden တို့ သွားရောက်ပြီး Christmas ပွဲတော်ကာလ ဆေးရုံတက်နေကြရတဲ့ ကလေးတွေနဲ့ မိသားစုတွေကို နှစ်သိမ့်အားပေးခဲ့ကြပါတယ်။
သမ္မတကတော် Dr. Jill Biden က ကလေးတွေကို နှင်းဝေတဲ့နေ့တနေ့လို့ အဓိပ္ပါယ်ရမယ့် "The Snowy Day" ဆိုတဲ့ ပုံပြင်စာအုပ်ကို ဖတ်ပြခဲ့ပါတယ်။
သမ္မတကလည်း ကလေးတွေနဲ့အတူ ပုံပြင်ကို နားထောင်ခဲ့သလို ပုံပြင်စာအုပ် စာမျက်နှာတချို့ကိုလည်း ဝိုင်းကူကိုင်ပေးခဲ့ပါတယ်။
ပုံမှန်အားဖြင့် အခုလို Christmas ပွဲတော်အချိန်မျိုးကို အမေရိကန်မိသားစုတွေ ပျော်ပျော်ပါးပါး ဖြတ်သန်းကြလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သန်းနဲ့ချီတဲ့ အမေရိကန်တွေဟာ မကြုံစဖူးပြင်းထန်တဲ့ မုန်တိုင်းကြောင့် အရိုးကွဲလောက်အောင်အေးတဲ့ အအေးဒဏ်၊ နှင်းမုန်တိုင်းဒဏ်တွေကို ရင်ဆိုင်နေကြရပါတယ်။ အေးခဲလှတဲ့အချိန် တချို့နေရာတွေမှာလည်း လျှပ်စစ်မီးတွေ ပျက်နေတာကြောင့် Christmas ပွဲတွေကိုပါ ဖျက်ထားကြရပါတယ်။
==== Unicode ====
သမ်မတကတောျ Dr. Jill Biden က ကလေးတှကေို နှငျးဝတေဲ့နေ့တနေ့လို့ အဓိပ်ပါယျရမယျ့ "The Snowy Day" ဆိုတဲ့ ပုံပွငျစာအုပျကို ဖတျပွခဲ့ပါတယျ။