ဗြိတိန်လူစွန့်စား Richard Branson အာကာသထဲ ရောက်ရှိ

အာကာသယာဉ်အတွင်း တွေ့ရတဲ့ Richard Branson နဲ့ အာကာသယာဉ်အမှူထမ်းအချို့။ (ဇူလိုင် ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

သည်းထိပ်ရင်ဖို စွန့်စားရတာကို လုပ်လေ့ရှိတဲ့ အင်္ဂလိပ်လူမျိုး ဘီလျံနာသူဌေးကြီး Richard Branson ဟာ သူ့ကိုယ်ပိုင် အာကာသယာဉ်နဲ့ စမ်းသပ်ပျံသန်းရင်း အာကာသထဲကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ဘဝတလျှောက်လုံး လုပ်ခဲ့သမျှ စွန့်စားမှုအမျိုးမျိုးထဲက အကြီးကျယ်ဆုံး စွန့်စားမှုလည်း ဖြစ်ပါတယ်။

အသက် ၇၁ နှစ်အရွယ် Richard Branson ရဲ့ဒီလိုစွမ်းဆောင်မှုက သူ့ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန် အမေဇုန် ဘီလျံနာသူဌေးကြီး Jeff Bezos စီစဉ်နေတဲ့ လာမယ့် ၉ ရက်မှာ အာကာသထဲသွားမယ့် အစီအစဉ်ကို ကျော်တက်သွားတာလည်း ဖြစ်ပါတယ်။

Branson ဟာ အာကာသယာဉ် အမှုထမ်း ၅ ဦးနဲ့အတူ သူပိုင်တဲ့ Virgin Galactic အာကာသ ခရီးသွားလုပ်ငန်း ကုမ္ပဏီပိုင်ယာဉ်နဲ့ နယူးမက္ကဆီကို သဲကန္တာရအထက် မြေပြင်ကနေ ၅၃ မိုင်အထိ ပျံတက်သွားခဲ့ပါတယ်။ အာကာသယာဉ်ထဲမှာ ၃-၄ မိနစ်ကြာ ကမ္ဘာ့ဆွဲအားမဲ့ပြီး လူခန္ဓာကိုယ် ပေ့ါပါးလွင့်မျောနေခဲ့တဲ့ အတွေ့အကြုံကို ရခဲ့ပြီး ကမ္ဘာကြီးရဲ့ လုံးဝန်းမှုကို အထက်စီးကနေ ပြန်မြင်ခဲ့ရပြီးနောက် ဘေးအန္တရာယ် ကင်းကင်းနဲ့ ပြန်လည်ဆင်းသက်နိုင်မယ့် ပြေးလမ်းကြောင်းထဲကို ပြန်လည် ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ဗြိတိန်လူစွန့်စား Richard Branson အာကာသထဲ ရောက်ရှိ

-------------------------

(Unicode)



