BIMSTAC ထိပ်သီး ရိုဟင်ဂျာကိစ္စ မဆွေးနွေး

ိNepal Summit တက်ရောက်နေတဲ့ သမ္မတ ဦးဝင်းမြင့်

နီပေါလ်နိုင်ငံ Kathmandu မြို့မှာ ကျင်းပခဲ့တဲ့ BIMSTEC ဘင်္ဂလား ပင်လယ်ကွေ့ဒေသတွင်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး အစည်းဝေးမှာ ရိုဟင်ဂျာဒုက္ခသည်အရေး အပါအဝင် ဒေသတွင်း အငြင်းပွားစရာ ကိစ္စတွေကို ရှောင်လွဲှခဲ့ကြပါတယ်။

Nepal Summit

ထိပ်သီးအစည်းအဝေးမှာ မြန်မာသမ္မတ ဦးဝင်းမြင့်နဲ့ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina တို့ နှစ်ဦးလုံးတစားပွဲတည်း အတူထိုင်ခဲ့ကြပေမယ့် ရိုဟင်ဂျာ အကြပ်အတည်း ကို ဆွေးနွေးပြောဆိုခဲ့ခြင်း မရှိကြောင်း နီပေါလ် နိုင်ငံခြားရေးဝနကြီး Pradeep Kumar Gyawall က သတင်းထောက်တွေကို သောကြာနေ့က ပြောပါတယ်။

မြန်မာလုံခြုံရေးတပ်တွေရဲ့ ညှမ်းပမ်းဖိနှိပ်မှုကြောင့် ရိုဟင်ဂျာ မွတ်စလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် ထွက်ပြေးခဲ့ကြတဲ့ဖြစ်ရပ်ကို လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးပြောဆိုခြင်း မရှိခဲ့ဘူးလို့လည်း သူကဆိုပါတယ်။ BIMSTEC ဒေသတွင်းနိုင်ငံတွေအနေနဲ့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေပဲ အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ နီပေါလ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းတခုလုံး လျှပ်စစ်ဆက်သွယ်ရေး တည်ဆောက်မယ့်စီမံကိန်း အသေးစိတ်နဲ့ ပတ်သက်လို့ အနည်းအကျဉ်း ဆွေးနွေးနိုင်ခဲ့ပေမယ့် နီပေါလ် ဝန်ကြီးချုပ် KP Sharma Oli ကတော့ သိသာထင်ရှားတဲ့ ခြေလှမ်းအဖြစ် ချီးကျူးပြောဆိုခဲ့ပါတယ်။

BIMSTEC ဒေသတွင်းနိုင်ငံများအဖွဲ့ကို လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကို အကောင်အထည်ဖေါ်ရေး ရည်မှန်းချက်နဲ့၁၉၉၇ ခုနှစ်မှာအိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘူတန်နဲ့ မြန်မာ နိုင်ငံက ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

BIMSTAC ထိပ်သီး ရိုဟင်ဂျာကိစ္စ မဆွေးနွေး