"စစ်လွန်ကာလစီမံကိန်းတရပ် အစ္စရေးလိုအပ်" ကန်နိုင်ငံခြားရေးဝန်ကြီး

  • VOA News

US Secretary of State Antony Blinken gestures as he speaks during a joint press conference with Moldova's President Maia Sandu (not pictured) at the Moldovan Presidential Palace in Chisinau, on May 29, 2024.

စစ်လွန်ကာလ စီမံကိန်းတစ်ရပ် မြန်နိုင်သမျှ အမြန်ဆုံး အစ္စရေးလိုအပ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။ စစ်ပြီးနောက်တစ်ရက် မှာ စီမံကိန်းရှိနေဖို့ကိုက အလွန်အရေးကြီးကြောင်း၊ ဒါမှမဟုတ်ရင် စစ်ပြီးနောက်တစ်ရက်ဆိုတာလည်း မရှိတော့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က သတင်းထောက်တွေကို မော်ဒိုဗာ ခရီးစဥ်အတွင်း ဗုဒ္ဓဟူးနေ့က ခုလို ပြောလိုက်တာပါ။

"အဲဒီ အစီအစဥ်မရှိရင် ဟာမတ်စ်ပဲ တာဝန်ယူဖို့ကျန်ခဲ့မှာဖြစ်ပြီး ဒါကို လက်ခံစရာမရှိပါဘူး။ ဒါမှမဟုတ် မရှိဘူးဆိုရင်တော့ ကသောင်းကနင်း၊ ဥပဒေမဲ့ ဟင်းလင်းကွက်လပ် ဖြစ်နေမှာပါ" လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ စပိန်ဝန်ကြီးချုပ် Pedro Sánchez က ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာ ကို စပိန်နိုင်ငံ မဒရစ်မြို့ မှာ လက်ခံတွေ့ဆုံပါတယ်။ စပိန်၊ အိုင်ယာလန်၊ နော်ဝေး တို့ က ပါလက်စတိုင်း နိုင်ငံ ကို အသိအမှတ်ပြုကြောင်း အင်္ဂါနေ့ က ကြေညာအပြီးမှာ ခုလိုတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသိအမှတ်ပြုတာဟာ ဂါဇာစစ်ပွဲအပေါ် ချက်ချင်း သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ အစ္စရေးက ဆိုပါတယ်။ တရားမျှတမှုနဲ့ တာရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တိုက်ပွဲ ကို ဆက်လက်ဆင်နွှဲမယ့် ကျွန်တော်တို့ရဲ့ ပိုင်းဖြတ်ချက်ကို ဒီ အသိအမှတ်ပြုမှုက ခိုင်မာစေပါတယ်လို့ ဝန်ကြီးချုပ် မူစတာဖာ က တွေ့ဆုံပြီးနောက်ပြောပါတယ်။

SEE ALSO:

"စစ်လွန်ကာလစီမံကိန်းတရပ် အစ္စရေးလိုအပ်" ကန်နိုင်ငံခြားရေးဝန်ကြီး