ရခိုင်ပြည်နယ်၊ ကျောက်ဖြူဖက်ကနေ တရုတ်ပြည်ဖက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ တင်ပို့ဖို့ ပိုက်လိုင်း ဆောက်နေတဲ့အထဲက ပြဿနာ အရှုပ်ထွေး၊ အခက်အခဲတွေအပါအဝင် ဒီ ပိုက်လိုင်း စီမံကိန်းကြောင့် ရခိုင်ပြည်ထဲက ဒေသခံတွေနဲ့ မြန်မာနိုင်ငံက ကုမ္ပဏီတချို့ အလိမ်ခံ အညစ်ခံနေရတာတွေကို ခရီးသွား မှတ်တမ်းအဖြစ် ဘလော့ပေါ်မှာ တင်ထားတာ အပါအဝင်၊ တခြား ကဗျာနဲ့ စာပေတွေကို ရေးသားနေတဲ့ ဘလော့ဂါ မောင်ဘကြိုင် - ချဉ်ပေါင်ခြံရဲ့ Blog အကြောင်းကို တင်ပြထားပါတယ်။