မြန်မာနဲ့ ဗြိတိန် စစ်ဘက် စစ်တပ်နှစ်ခုအကြား ပြန်ပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူထားကြပြီး ပထမဆုံးအနေနဲ့ မြန်မာစစ်ဘက်အရာရှိ ၃၀ လောက်ကို ဗြိတိန်နိုင်ငံက သင်တန်းပေးမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်ရေးအတွက်မဟုတ်ဘဲ ဒီမိုကရေစီ တိုင်းပြည်တစ်ခုရဲ့ စစ်တပ်အနေနဲ့ သိသင့်သိထိုက်တဲ့ ကိစ္စရပ်တွေကို လေ့လာဖို့ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ စစ်သံမှူးတွေ အပြန်အလှန် ထားရှိဖို့ကိုလည်း သဘောတူခဲ့ကြ ပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မြန်မာနဲ့ ဗြိတိန်နိုင်ငံ စစ်ဘက်နှစ်ခုအကြား ရာစုနှစ်တစ်ခုရဲ့ လေးပုံ တစ်ပုံလောက် အဆက်အဆံ မရှိခဲ့ရာကနေ အခုအခါမှာတော့ ဆက်ဆံရေးလမ်းသစ် ပြန်စဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက အဲဒီအချိန် ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ်ဒ် ရစ်ချတ်ဒ် (Sir David Richard) မြန်မာနိုင်ငံဆီ လာရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်တွေ စသည်အားဖြင့် ပထမဆုံးအကြိမ် အဆင့်မြင့် တွေ့ဆုံပွဲတွေ လုပ်ခဲ့ပြီးတဲ့နောက် သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်း အဲဒီလို သဘောတူခဲ့ကြတာလည်းဖြစ်ပါတယ်။
"ပြီးခဲ့တဲ့သီတင်းပတ်မှာ သမ္မတဦးသိန်းစိန် ဗြိတိန်နိုင်ငံဆီ သွားရောက်ခဲ့တုန်းက ကျနော်တို့ရဲ့ ကာကွယ်ရေးဝန်ကြီးကနေ ဗြိတိန်စစ်ဘက်ရဲ့ ထင်ရှားတဲ့ သင်တန်းတစ်ခုဖြစ်တဲ့ ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးနဲ့ လုံခြုံရေးဆိုင်ရာတွေကို မြန်မာစစ်ဘက်အရာရှိ ၃၀ လောက်ကို သင်တန်းပေးဖို့ ကမ်းလှမ်းခဲ့ ပါတယ်။ ဒါကြောင့် တချို့သော သင်တန်းတွေကနေ စပြီးတော့ ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။"
သင်တန်းဆိုတဲ့နေရာမှာ လက်နက်ပိုင်းဆိုင်ရာတွေမဟုတ်ဘဲ ဒီမိုကရေစီနည်းကျ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ၊ လူ့အခွင့်အရေး၊ ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲရေးတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို သင်တန်းပေးမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တချိန်ထဲမှာပဲ ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂ EU ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ EU ကချမှတ်ထားတဲ့ လက်နက်ခဲယမ်းဆိုင်ရာ ပိတ်ဆို့ကန့်သတ်ချက်ကို ဆက် လိုက်နာသွားမှာဖြစ်ပြီး အဲဒါကိုပြောင်းလဲဖို့ အစီအစဉ် မရှိသေးဘူးဆိုတာကိုလည်း မစ္စတာဖစ်ရှာက အလေးအနက်ပြောခဲ့ပါတယ်။ ဗြိတိန်စစ်ဘက်ရဲ့ အတွေ့အကြုံတွေကို မြန်မာအစိုးရ စစ်တပ်အဖွဲ့ဝင်တွေနဲ့သာမကဘဲ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ မျှဝေဖို့ မျှော်လင့်ထားကြောင်းလည်း သူကပြောပါတယ်။
အဲဒီလို စစ်ဘက်နှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှုအပြင် နောက်ထပ် ထူးခြားတဲ့သဘောတူညီချက်ကတော့ နှစ်နိုင်ငံအကြား ၂၅ နှစ်လောက် မရှိခဲ့တဲ့ စစ်သံမှူးတွေ အပြန်အလှန် ပြန်ပြီးထားကြဖို့ဖြစ်ပါတယ်။
"တပ်မတော်နဲ့ ဆက်ဆံရေး စတင်ဖို့ ဖြစ်ပါတယ်။ ဒီနှစ်ကုန်ပိုင်းလောက်ကစပြီး အမြဲတမ်း ဗြိတိန်စစ်သံမှူးတစ်ဦးကို မြန်မာနိုင်ငံမှာ ထားရှိမှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကလည်း ဗြိတိန်နိုင်ငံမှာ စစ်သံမှူးတစ်ဦးထားရှိဖို့ သဘောတူထားပါတယ်။"
ဗြိတိန်နိုင်ငံက သူတို့ရဲ့ စစ်သံမှူးကို ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်မှာ ရုပ်သိမ်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကလည်း အပြန်အလှန်အားဖြင့် ရုပ်သိမ်းခဲ့ပြီးချိန်ကတည်းက နှစ်နိုင်ငံအကြားမှာ စစ်ဘက်ဆက်ဆံရေး မရှိတော့တာပါ။ အခုအခါ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာတာကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်ဘက်ဆက်ဆံရေး ပြန်ထူထောင်တာဖြစ်တဲ့အပြင် စစ်ဘက်ရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုတာကြောင့်လည်း ဖြစ်တယ်လို့ မစ္စတာဖစ်ရှာက ပြောပါတယ်။
"ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ အောင်မြင်စေရေး သေချာစေဖို့ရာ စစ်ဘက်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရှိနေတဲ့ စစ်ဘက်ရဲ့ အခန်းကဏ္ဍတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ရော၊ ရေရှည်မှာ စစ်ဘက်ပြုပြင်ပြောင်းလဲရေးနဲ့ လုံခြုံရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို ကြည့်လာဖို့အတွက်ရော ရည်ရွယ်တာပါ။ ဒီကိစ္စတွေအားလုံးဟာ စစ်ဘက်ချင်း ဆက်ဆံရေးကို ပြန်စဖို့ ကျနော်တို့ရဲ့ဆုံးဖြတ်ချက်ပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။"
နှစ်နိုင်ငံအကြား စစ်သံမှူးတွေ ပြန်ထားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာဖြစ်ပြီး အခုလို သဘောတူခဲ့ကြတဲ့အပေါ် ဝမ်းသာကြိုဆိုတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
“ကျမတို့ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်မယ်ဆိုလို့ရှိရင် ကျမတို့ တပ်မတော်ဟာလည်း ဒီမိုကရေစီရဲ့ စံနှုန်းစံညွှန်းနဲ့ စံထားတွေကို နားလည်ဖို့ လိုအပ်ပါတယ်။ သိဖို့လိုပါတယ်။ ပိုပြီးတော့ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း ရင်းနှီးဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ဒီမိုကရေစီနိုင်ငံရဲ့ တပ်မတော်တွေနဲ့ ကျမတို့နိုင်ငံရဲ့ တပ်မတော်ကြားမှာ ပိုပြီးတော့ ဆက်သွယ်ရေးတွေ လိုအပ်နေပါတယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမှာ အင်္ဂလန်ကနေ စစ်သံမှူးခန့်ထားရေးနဲ့ မြန်မာစစ်သံမှူး အင်္ဂလန်မှာ ခန့်ထားရေးကိစ္စကို ကျမအနေနဲ့ အကြံပြုခဲ့ပါတယ်။ ဒါကိုလည်း အခု အကြံပြုတဲ့အတိုင်း အထမြောက်အောင် လုပ်ဆောင်ပေးတဲ့အတွက် ဝမ်းသာပါတယ်။”
အခုလိုဆုံးဖြတ်ချက် မချခင်မှာ လူမျိုးစုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ စသည်အားဖြင့် တိုင်ပင်ညှိနှိုင်းခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက်ဟာ အဓိကကျခဲ့တယ်ဆိုတာကို မစ္စတာဖစ်ရှာက အသိအမှတ်ပြု ပြောခဲ့ပါတယ်။
ဗြိတိန်နဲ့ မြန်မာနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ပြန်ပြီးထူထောင်မယ့်ကိစ္စအပေါ် စိုးရိမ်ချက်တချို့ရှိတာကို သူတို့အနေနဲ့ နားလည်ပြီး မြန်မာ့တပ်မတော်နဲ့သာ ထိတွေ့ဆက်ဆံမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆက်ပြီး ထိတွေ့ဆက်ဆံသွားပါမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ဒုတိယအတွင်းဝန် ဂျိုး ဖစ်ရှာက ဗွီအိုအေကို ပြောခဲ့ပါတယ်။