Burkina Faso သမ္မတ နှုတ်ထွက်

Burkina Faso သမ္မတ Blaise Compaore ရာထူးက နှုတ်ထွက်။ (အောက်တိုဘာ ၃၁၊ ၂၀၁၄)

အနောက်အာဖရိက ကုန်းတွင်းပိတ် နိုင်ငံ ဘာကီနာဖာဆိုရဲ့ ကာလရှည် နိုင်ငံ အာဏာ ရယူထားတဲ့ သမ္မတ Blaise Compaore ရာထူးက ဆင်းသွားပြီးနောက်မှာ စစ်တပ် အကြီးအကဲ က နိုင်ငံအာဏာ ရယူလိုက်ပြီလို့ ပြောဆိုလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး Honore Traore က သူက နိုင်ငံ အကြီးအကဲ ဖြစ်ပါတယ်ဆိုပြီး မြို့တော် Ouagadougou မှာ သောကြာနေ့ ဒီကနေ့မှာ သတင်းထောက်တွေ ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မနေ့ ကြာသပတေးနေ့က မြို့တော်မှာ သမ္မတကို ဆန့်ကျင် ဆန္ဒပြကြသူတွေရဲ့ အကြမ်းဖက်မှု အပြီးမှာ ပြုပြင်ပြောင်းလဲရေး အစိုးရတရပ် ဖွဲ့စည်းဖို့ ညမထွက်ရ အမိန့်တရပ် ထုတ်ပြန်ချိန် ကြာသပတေးနေ့က အာဏာကို ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပေါင်း ၉၀ ထားရှိဖို့ မစ္စတာ Compaore က သူ့ရဲ့ ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြတာကို ဒေသတွင်း မီဒီယာတွေက ထုတ်လွှင့်နေကြပါတယ်။ အရင် ဘာကီနာဖာဆို နိုင်ငံကို ကိုလိုနီ အဖြစ် အုပ်ချုပ်ခဲ့တဲ့ ပြင်သစ် နိုင်ငံကတော့ အခု သမ္မတ နုတ်ထွက်တာကို ခပ်မြန်မြန်ပဲ ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတဟောင်းဟာ သမ္မတ နန်းတော်မှာ လက်နက်ကိုင် အစောင့် တင်းတင်းကျပ်ကျပ် နဲ့ ရှိနေတယ်လို့ Burkina 24 ရုပ်မြင်သံကြားက ကြေညာ ပါတယ်။ မစ္စတာ Compaore က ဘာကီနာဖာဆို နိုင်ငံကို ၁၉၈၇ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အုပ်ချုပ်ခဲ့တာဟာဆိုရင် ၂၇ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

သူ့ကို နောက်ထပ် သမ္မတ သက်တမ်း ခွင့်ပြုမယ့် အခြေခံ ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်အမတ်တွေ မဲခွဲဖို့ လုပ်ခဲ့တာကြောင့် ကြာသပတေးနေ့မှာ နိုင်ငံတွင်း မတည်မငြိမ်မှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ဆန္ဒပြသမားတွေ လွှတ်တော် အဆောက်အအုံအတွင်းကို ဒေါသတကြီး ဝင်ရောက် မီးရှိုှုှု့ခဲ့ပြီး နောက်မှာတော့ အစိုးရက ပြင်ဆင်ချက်ကို ပြန်ပြီး ရုပ်သိမ်းခဲ့ပါတယ်။

ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဘာကီနာဖာဆိုရဲ့ လုံခြုံရေး ဆိုးရွားသွားမှာကို အထူးဘဲ စိုးရိမ်နေတဲ့ အကြောင်း ပြောဆိုပြီး သက်ဆိုင်သူ အားလုံးအနေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ တည်ငြိမ်ရေး လုပ်ဆောင်ဖို့နဲ့ မပြေလည်မှု အားလုံးကို ဆွေးနွေး အဖြေရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။