ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း ပြင်ဆင်ရာမှာ လွှတ်တော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အားရတယ်လို့ Triangle Women Support Group ကို ပူးတွဲတည်ထောင်သူ မခင်လေးက ပြောလိုက်ပါတယ်၊ လွှတ်တော်ကို ထပ်မံတင်မဲ့ ဥပဒေမူကြမ်းမှာဆက်ပြီး တွန်းအားပေးစရာ ပြင်ဆင်စရာတွေရှိနိုင်ပေမဲ့ ပြင်ဆင်ဖို့ အကြံပေးနိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေသေးတယ်လို့ နိုင်ငံရေးမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပါဝင်နိုင်မှု ပိုရှိလာဖို့ ကြိုးစားနေတဲ့ မခင်လေးက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အကူအညီပေးရေး အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲကို လာတက်ရောက်စဉ်မှာ မခင်လေးက VOA ကို ပြောခဲ့တာဖြစ်ပါတယ်၊ အခုလို မြန်မာနိုင်ငံက အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ရာမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအကြောင်း ဗွီအိုအေစတူဒီယိုမှာ ကိုကျော်ကျော်သိန်း က မခင်လေး ကို တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးတင်ပါတယ်။ တကူတက လာပြီးတွေ့ဆုံမေးမြန်းခွင့်ပြုတာ။ အချိန်မအားတဲ့ကြားက တကူတကလာရတာဆိုတော့ ပထမဦးဆုံးသိချင်တာက မခင်လေး နောက်ဆုံးသွားခဲ့တဲ့ပွဲ စက်တင်ဘာလ ၂၃ ရက်နေ့က သမ္မတအိုဘားမား ကိုယ်တိုင်တက်တဲ့ပွဲ။ ဆွေးနွေးပွဲအကြောင်း ကျနော်တို့ ပရိသတ် သိရအောင် အကျဉ်းလေး ပြောပြပါလား။
မခင်လေး ။ ။ အဓိကတော့ ကုလသမဂ္ဂ ညီလာခံရှိနေတဲ့အချိန်နဲ့ တပြိုင်တည်း နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အဆင့်မြင့်အရာရှိတွေ ရောက်တဲ့အခါကြတော့ သမ္မတအိုဘားမားကိုယ်တိုင်က တကယ့် စိန်ခေါ်မှုတွေ ရှိနေဆဲ။ အခုမှ အပြောင်းအလဲကို တာစူနေဆဲ နိုင်ငံတွေ။ ဒါမှမဟုတ် အခက်အခဲ၊ အန္တရာယ်ကြားမှာ ရှိနေသေးတဲ့ နိုင်ငံတွေရဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို နိုင်ငံတကာက ပိုပြီးတော့ အာရုံစိုက်ပြီးတော့ အကူအညီတွေ ပေးလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူက ဒီပွဲလေးကို သူကိုယ်တိုင် ကမကထလုပ်ပြီး စီစဉ်တာပါ။ အဲဒီတော့ သူခေါင်းစဉ် ပေးထားတာကတော့ High Level Advance on Supporting Civil Society - အရပ်ဖက်လူအဖွဲ့အစည်းတွေကို ဘယ်လို ကူညီရမလဲဆိုတာကို အဆင့်မြင့်အရာရှိတွေ တွေ့ဆုံဆွေးနွေးပွဲလို့ ပြောပါတယ်။ အဲဒါကတော့ စက်တင်ဘာလ ၂၃ ရက်နေ့က နယူးရော့ခ် Hilton ဟိုတယ်မှာ လုပ်ပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ အဲဒီမှာ မခင်လေး က အရပ်ဖက်လူအဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ အများကြီးကြားထဲကမှ တင်ပြပြောဆိုခွင့် ရခဲ့တယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အဓိကပြောသွားတာကို နားထောင်ခဲ့ရပါတယ်။ မခင်လေး ပြောသွားတဲ့အထဲကနေ အဓိကကျတဲ့ အချက်တချို့ကို ပြန်ပြောပြပါလား။
မခင်လေး ။ ။ အဓိကကျတဲ့အချက်က ကျမကတော့ တော်တော်များများ အမေရိကန်အစိုးရ အပါအဝင် နိုင်ငံများများက မြန်မာနိုင်ငံ အခြေအနေကြီးက အရမ်းကောင်းသွားပြီလို့ တချို့က ယူဆကြတယ်။ အဲဒါကို ကျမတို့ကလည်း ဟုတ်ပါတယ်။ အပြောင်းအလဲက စပြီးတာစူနေပြီ။ ဒါပေမဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ကျန်နေသေးတယ်။ ဖြေရှင်းစရာ ပြဿနာတွေ ရှိသေးတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေကိုယ်တိုင် အခုအချိန်ထိ အနှောက်အယှက်တွေ၊ အဖမ်းအဆီးတွေ ခံနေရမှု ရှိနေသေးတယ်ဆိုတာကိုလည်း ကျမ ပြောပါတယ်။ ဒါကတော့ လက်ရှိ ရှိနေတဲ့အပေါ်မှာ ကျမတို့ စိုးရိမ်မှု။ နောက်တခုက ကျမတို့ မကြာခင်ကမှ လုပ်သွားတဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လုပ်သွားတဲ့ လုပ်ဆောင်ချက်လေးတွေကို ရှင်းပြပါတယ်။ ဘာလို့ ရှင်းပြရသလဲဆိုတော့ ကျမတို့ လုပ်သွားတဲ့ဟာသည် ကိုယ့်အတွင်းထဲက ပြည်တွင်းကရှိတဲ့ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုပဲ မဟုတ်ဘူး။ နိုင်ငံတကာက နည်းပညာပိုင်း အစစအရာရာ ကူညီပံ့ပိုးမှုတွေ၊ သံတမန်ရေးရာတွေကပါ ပါဝင်တဲ့အတွက် ဒီဟာလေးဟာ အချိန်တိုအတွင်းမှာ၊ အခုအခြေအနေလောက်မှာ ဥပဒေကြမ်းဆိုပေမယ့် ကျမတို့ ကျေနပ်စရာ ဖြစ်တယ်ဆိုတဲ့ အနေအထားရှိတယ်ဆိုတဲ့ဟာလေးကို ကျမက ပြောပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများက ထင်ထားတာ ကျမတို့ အတိုက်အခံအဖွဲ့အစည်းတွေ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဖက်လူအဖွဲ့အစည်းတွေက အမြဲတမ်း အဆိုးမြင်တာတို့၊ အစိုးရကို အမြဲတမ်း ကန့်လန့်တိုက်ချင်တာတို့၊ အမြဲတမ်း ဝေဖန်ထောက်ပြချင်တယ်လို့ပဲ ထင်နေကြတာတွေရှိတယ်။ ကျမတို့သည် ကောင်းတာလုပ်ရင် ကောင်းတယ်လို့ ချီးကျူးဖို့ ဝန်မလေးပါဘူး။ အဓိက ကျမပြောတဲ့ သုံးချက်ကတော့ နိုင်ငံတကာက နည်းပညာအကူအညီ၊ ကျမတို့က အခု ဥပဒေတွေ ပြင်ဆင်နေတာ အများကြီးပါ။ လက်ရှိ လွှတ်တော်မှာ ပြင်ဆင်ဖို့ တန်းစီးပြီးစောင့်နေတဲ့ ဥပဒေ (၅၀) ကျော် ကျန်သေးတယ်လို့ ပြောတယ်။ အဲဒီမှာ ကျမရဲ့ စိုးရိမ်မှုက ဥပဒေပြင်တာ ကောင်းပေမယ့် အဲဒီပြင်တဲ့ ဥပဒေတွေက နိုင်ငံတကာရဲ့ စံချိန်စံညွှန်း၊ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ အညီ ပြင်မှသာလျှင် ပြည်သူလူထုကို အကျိုးပြုမယ်လို့ ကျမတို့ ယူဆတယ်။ အဲဒီတော့ ပြည်သူလူထု၊ ဒါမှမဟုတ် သက်ဆိုင်ရာ၊ သက်ဆိုင်တဲ့လူတွေ ပါဝင်တဲ့ ဥပဒေပြုတာတို့၊ ဥပဒေ ဆွေးနွေးတာတွေ မလုပ်လို့ရှိရင် ဥပဒေ ဘယ်လောက်ပဲပြင်ပြင် ပြည်သူလူထုအတွက် အကျိုးမရှိဘူးလို့ ယူဆတဲ့အတွက်ကြောင့် ကျမတို့ လုပ်ခဲ့တဲ့ အတွေ့အကြုံလေးနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေ ယူတယ်။ နည်းပညာ အကူအညီတွေ ယူတယ်။ နောက် ကျမတို့ ဒီလိုမျိုး ပွဲတွေလုပ်ဖို့ဆိုတာလည်း ကျမတို့က ပိုက်ဆံရှိတဲ့ လူတွေမဟုတ်ဘူး။ အဲဒီတော့ အလှုရှင်တွေဆီကနေ အကူအညီတောင်းတဲ့အခါမှာ အလွယ်တကူ၊ လျင်လျင်မြန်မြန်။ ထုံစံအတိုင်း နှစ်ပတ်အတွင်း လုပ်ရတဲ့ဟာတွေမှာ အလှုရှင်တွေက အများကြီး ကူညီကြတယ်။ ဒါကိုလည်း ထည့်ပြီးပြောပါတယ်။
နောက်တခုကတော့ နိုင်ငံရေးအရ ကူညီမှုတွေက ပိုပြီးတော့ အရေးကြီးတယ်ဆိုတဲ့အကြောင်း သံခင်းတမန်ခင်းအရ အကူအညီက တခါတရံ ကျမတို့က ဆုပေးဒဏ်ပေးစနစ်ကလေးတွေက ပိုထိရောက်တယ်ဆိုတဲ့အကြောင်း။ ဒီလို နည်း (၃) ခုနဲ့ တခါတည်း၊ တပေါင်းတစည်း လုပ်နိုင်လို့ရှိရင်တော့ ဘယ်ဥပဒေမဆို၊ ဒီ ဥပဒေမှမဟုတ်ဘူး တခြားဥပဒေတွေပဲဖြစ်ဖြစ်။ တခြား ဘယ်ကိစ္စမဆို ကျမတို့ နိုင်ငံရဲ့ အပြောင်းအလဲဖြစ်စဉ်အတွက် ပိုကောင်းလိမ့်မယ်။ အဲဒီလို အကူအညီမျိုးတွေကို နိုင်ငံတကာက မျှော်လင့်ပါတယ်ဆိုတာကို ကျမတို့က ထောက်ပြတာပါ။
ကိုကျော်ကျော်သိန်း ။ ။ မခင်လေး ပြောသွားတဲ့အထဲမှာ မြန်မာနိုင်ငံမှာ အခုလက်ရှိ ဥပဒေမူကြမ်းအဆင့် ရောက်နေပြီဖြစ်တယ့် အသင်းအပင် ဖွဲ့စည်းခွင့် ဥပဒေမူကြမ်း။ ဒါက ပထမဦးဆုံး ထွက်လာတဲ့အဆင့်တုန်းက မခင်လေးတို့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဒါကို လက်မခံနိုင်ကြဘူး။ ဒီအထဲမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ မှတ်ပုံတင်ရမှာတို့၊ ဒဏ်ကြေးတို့ စသည်အားဖြင့်ပါတော့ လက်မခံနိုင်ကြ၊ ဝိုင်းပြီးတော့ ကန့်ကွက်ကြတယ်။ ဝိုင်းပြီးတော့ အဆိုတင်ကြတယ်။ နောက်ဆုံးကြတော့ ပြင်နိုင်နိုင်ကြတယ်။ ပြင်နိုင်ပြီး အခုဆိုရင် လွှတ်တော်ထဲကို ပြန်ရောက်သွားပြီ။ လွှတ်တော်မှာ ဆွေးနွေးပြီးတော့ ဥပဒေအဖြစ် ဘယ်တော့ ထွက်လာမယ်ဆိုတာတော့ မသိသေးဘူး။ ဆိုတော့ အဲဒီလို ပြင်သွား။ စိတ်ကြပြင်သွားပြီးတော့ မခင်လေးကိုယ်တိုင်လည်း ဒါကို ကျေနပ်တယ်လို့ ပြောထားတယ်ဆိုတော့ အဲဒီ ဥပဒေသာ တကယ်တမ်း ဥပဒေဖြစ်လာခဲ့ရင် လက်ရှိ ပြည်တွင်းမှာရှိနေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ တွေ့နေရတဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်အထိ ကျော်လွှာသွားနိုင်မလဲ။ ဘယ်လောက်အထိ ပိုပြီးတော့ လုပ်ခွင့်ပိုင်ခွင့် သာလာမလဲ။
မခင်လေး ။ ။ အဲဒါတော့ နှစ်ပိုင်း ရှိပါတယ်။ လက်ရှိ ရှိနေတဲ့ ဥပဒေကြမ်းကို ကျေနပ်လောက်တယ်ဆိုတာက ကျမတို့ ဒီဥပဒေကြမ်းကို ဝင်ပြီးတော့ ဆွေးနွေးခွင့်ရတဲ့အချိန်က နှစ်ပတ်ပဲရှိတယ်။ အချိန်တိုအတွင်းမှာ ဘာပဲဖြစ်ဖြစ် ပေးချင်တဲ့ input လေးတွေ။ အကြံဉာဏ်လေးတွေ၊ စိတ်ကူးလေးတွေကို ပေးချင်တာလေးတွေကို သူတို့က ကြည်ကြည်ဖြူဖြူနဲ့ လက်ခံစဉ်းစားတဲ့အတွက် ကျေနပ်တယ်။ တခုက လွှတ်တော်ရေးရာ ကော်မတီတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လွှတ်တော်အမတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအားရတယ်။ ကျမတို့ ရှေ့အလားအလာအတွက် ကောင်းတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ အရပ်ဖက်လူ့အဖွဲ့အစည်း၊ ပြည်သူလူထုနဲ့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်တယ်။ ပြည်သူလူထုအသံကို လွှတ်တော်က ဂရုတစိုက် နားထောင်ပေးတယ်ဆိုတဲ့ဟာက ကျမတို့ ပိုပြီးတော့ အားရတယ်။ အဲဒီတော့ အခုလက်ရှိ ရှိနေတဲ့ ဥပဒေကြမ်းထဲမှာတောင် တချို့ဟာတော့ ကျမတို့ ထင်ပါတယ် ဆက်ပြီးတော့၊ ထပ်ပြီးတော့ တွန်းအားပေးရအုံးမယ်။ ပြင်ရအုံးမှာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ လုပ်ထားတဲ့ကိစ္စက နှစ်ပတ်အတွင်းမှာ လုပ်ထားတာဆိုတော့ perfect ဖြစ်တယ်လို့တော့ မပြောပါဘူး။ ဒါပေမဲ့ လွှတ်တော်ရေးရာ ကော်မတီကလည်း ကတိပေးထားတာ ရှိပါတယ်။ အခု ဥပဒေကြမ်းအဆင့်မှာပဲ ရှိသေးတယ်။ လွှတ်တော်ကို မရောက်သေးဘူး။ လွှတ်တော်ထဲရောက်သွားလို့ အဲဒီမှာ တချို့ လွှတ်တော်အမတ်တွေက ကန့်ကွက်တာတွေ ရှိအုံးမယ်။ အဲဒီလို ရှိရင်လည်း ဟိုအရင်က လုပ်ခဲ့သလိုပဲ ထပ်ပြီးတော့ အကြံဉာဏ်ပေးလို့လည်း ရသေးတယ်။ ထပ်ပြီးပြင်ချင်ရင်လည်း ပြင်နိုင်တယ်။ ကျမတို့ ပြင်ဖို့ chance ကို နှစ်နေရာ ထပ်ပေးထားပါတယ်။ လွှတ်တော်ထဲ ရောက်သွားလို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးရင်လည်း ဝင်ပြင်လို့ ရသေးတယ်။ နောက် အမျိုးသားလွှတ်တော် တက်ရင်လည်း အဲဒီ အမျိုးသားလွှတ်တော်ထဲမှာလည်း ဝင်ပြင်လို့ ရသေးတယ်။ နောက်ဆုံး final ကတော့ ပြည်ထောင်စုလွှတ်တော်။ ပြည်ထောင်စုလွှတ်တော်ကျမှ final decision ချမှာပေါ့။ အဲဒီကာလ တောက်လျှောက်မှာလည်း ဝင်ပြီးတော့ ပြင်လို့ရသေးတယ်။ အဲဒီအခါကြတော့ အခုန လုပ်ထားတာလေးတွေက အရမ်းပြည့်စုံ၊ အရမ်းကောင်းတယ်လို့တော့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အချိန်တိုအတွင်းမှာ ရသလောက် အားလုံးစုစည်းပြီးတော့ အဖွဲ့ပေါင်း ၂၈၁ ဖွဲ့။ ဒါတောင်မှာ network တွေလည်းပါတယ်။ တချို့တွေဆိုလည်း မပါလိုက်ရတာရှိတယ်။ ဒါပေမဲ့ တတ်နိုင်သမျှ အားလုံးရဲ့ အသံကိုပါအောင် ထည့်နိုင်ဖို့ ကျမတို့ ကြိုးစားပြီး လုပ်ထားတာဖြစ်တယ်။ အကယ်၍များ တင်ထားတဲ့ ဥပဒေကြမ်းအတိုင်းသာ အတည်ဖြစ်လာမယ်ဆိုရင်တော့ ကျမတို့အတွက် လုပ်သာကိုင်သာလေး ရှိတယ်လို့ ပြောလို့ရပါတယ်။ ဥပမာအားဖြင့် ပြစ်မှုပြစ်ဒဏ်တွေကို ဖယ်ရှားလိုက်တယ်။ နောက်တခုက ကျမတို့ တောက်လျှောက် ကြုံတွေ့လာရတာက နိုင်ငံရေးသမားတွေက လူမှုရေးအလုပ်တွေ လုပ်လို့မရဘူး။ အစိုးရဝန်ထမ်းတွေက လူမှုရေးအလုပ်တွေ လုပ်လို့မရဘူးဆိုတာတွေကို သူတို့က ပယ်ဖျက်လိုက်ပြီးတော့ အားလုံးမည်သူမဆို လူမှုရေးလုပ်ငန်းတွေကို အကုန်လုံး အသင်းအပင်းတွေမှာ ဝင်လုပ်လို့ရတယ်ဆိုတာလေးက တော်တော်လေး ကျမတို့အတွက် ဝမ်းသာစရာ ကောင်းတဲ့အချက်ကလေးပါ။ နောက် ကျောင်းသားသမဂ္ဂတွေကိုလည်း ခွင့်ပြုချက်ကလေး အဲဒီအထဲမှာ ထည့်ပေးထားပါတယ်။ ကျောင်းသားသမဂ္ဂတွေလည်း သက်ဆိုင်ရာ တက္ကသိုလ်တွေမှာ၊ သူတို့နယ်မြေတွေမှာ လွတ်လွတ်လပ်လပ် မှတ်ပုံမတင်ဘဲနဲ့ လှုပ်ရှားမှုတွေ လုပ်နိုင်တယ်။ ဒါပေမဲ့ ကျောင်းရဲ့ပြင်ပကို ထွက်သွားပြီးတော့ တနိုင်ငံလုံးဆိုင်ရာ လုပ်မယ်ဆိုရင်တော့ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ဆွေးနွေးပြီး၊ ညှိနှိုင်းပြီးမှ လုပ်သင့်တယ်ဆိုတာလေးကို ထည့်ပေးထားတယ်။ အဲဒါလေးတွေက ကျမတို့အတွက် ကောင်းတဲ့အလားအလာလို့ မြင်ပါတယ်။
နောက်တခုက သူက ဒီအထဲမှာ voluntary registration လို့ မပြောပေမယ့် အဲဒီသဘော သက်ရောက်အောင် လုပ်ထားပါတယ်။
ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ မှတ်ပုံမတင်လို့ အလုပ်လုပ်လို့ မရဘူးဆိုတာ မရှိတော့ဘူး။ အရေးယူခံရမယ်ဆိုတာ မရှိတော့ဘူး။
မခင်လေး ။ ။ မှတ်ပုံတင်ပါ။ မှတ်ပုံတင်လို့ရှိရင် ရမယ့်အခွင့်အရေးတွေက ဒါတွေဒါတွေ ရှိပါတယ်ဆိုပြီးတော့ ဖော်ပြထားတယ်။ ကျမတို့ မြန်မာပြည်သူလူထု၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက နေရာတကာမှာ စည်းလွတ်ကမ်းလွတ် နေတဲ့လူတွေ မဟုတ်ပါဘူး။ တကယ့်ကို ပြည်သူလူထုကို အကျိုးပြုတဲ့၊ အကျိုးရှိတဲ့ ဥပဒေတွေဆိုရင် အားလုံးက လေးစားလိုက်နာပါတယ်။ အဲဒီတော့ မှတ်ပုံတင်လို့ အကျိုးရှိမယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေ မရှိဘူးဆိုရင် သူတို့ တင်ကြပါလိမ့်မယ်။ အဲဒီတော့ မှတ်ပုံတင်ကြေးကအစ ဘာပဲပြောပြော အားလုံး သင့်တင့်မျှတတဲ့ ဈေးနှုန်းပေ့ါ။ တနိုင်ငံလုံးအဆင့်နဲ့ လုပ်မယ်ဆိုရင်တောင်မှ ငါးသောင်းပဲ တင်ရမယ်။ တိုင်းအဆင့်ခရိုင်အဆင့်ဆိုရင် သုံးသောင်းပဲ တင်ရမယ်။ မြို့နယ်အဆင့်လုပ်ရင် မှတ်ပုံတင်ကြေး လုံးဝပေးစရာ မလိုဘူး။ အဲဒါမျိုးလေးတွေဆိုတော့ ဘာပဲပြောပြော လုပ်ပြောတယ်ပေါ့။ ဒါပေမဲ့ ကျမတို့ စိုးရိမ်မှုတခုရှိတယ်။ အဲဒါကတော့ ဒီဥပဒေကြမ်းက General ဥပဒေကြမ်း။ နောက် လာမယ့် နည်းဥပဒေတွေမှာ ကျမတို့ နည်းနည်းစိုးရိမ်ပါတယ်။ ဒီ ဥပဒေကြီးမှာတော့ ကောင်းကောင်းမွန်မွန်၊ လှလှပပလေး လုပ်ပြထားပြီးတော့ နောက်လာမယ့် နည်းဥပဒေတွေမှာ ထပ်ပြီးတော့ ကန့်သတ်တာတွေ၊ ချုပ်ချယ်တာတွေ ပါလာမှာကိုလည်း ကျမတို့ စိုးရိမ်တယ်။
ကိုကျော်ကျော်သိန်း ။ ။ နည်းဥပဒေ ဆွဲတဲ့အချိန်ကျရင် မခင်လေးတို့အနေနဲ့ ဥပဒေမူကြမ်းတုန်းက လုပ်ခဲ့သလိုပဲ ညှိနှိုင်းခွင့်၊ အကြံပေးခွင့်၊ လိုချင်တာ ဖြည့်စွက်ပြင်ဆင်ခွင့်ရဖို့ အလားအလာက ဘယ်လိုလဲ။
မခင်လေး ။ ။ ရဖို့ ရှိပါတယ်။ အခု ကျမတို့ နောက်လာထဲမှာပဲ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ထပ်ပြီး တွေ့ကြဆွေးနွေးကြမယ်။ နိုင်ငံတကာက အကြံဉာဏ်တွေလည်း၊ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ ယူပြီးတော့ အဲဒီ legal framework ကို တွန်းအားပေးဖို့၊ ဘယ်လိုတွေလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကိုလည်း ကျမတို့ ထပ်ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့မှာ ရှေ့မှာ အတွေ့အကြုံတွေက အများကြီးရှိထားတယ်။ Media law တွေပဲဖြစ်ဖြစ် အဲဒီအခါကြတော့ ကျမတို့က တကယ့်ကောင်းတဲ့ အတွေ့အကြုံပဲ ရလိုက်တာဆိုတော့ ဒါမျိုး မဖြစ်အောင် ဘယ်လိုမျိုး ဝိုင်းလုပ်ကြမလဲဆိုတာကိုတော့ စဉ်းစားပြီးတော့၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမှာပါ။
ကိုကျော်ကျော်သိန်း ။ ။ အခုန အတွေ့အကြုံ ရှိထားတယ်ဆိုလို့ ဥပဒေတွေ ရေးဆွဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒါက အသင်းအပင်း ဖွဲ့စည်းရေး ဥပဒေဆိုရင် ထွက်လာတယ်။ ကန့်ကွက်ကြတယ်။ ပြင်ဆင်ခွင့် ရလိုက်တယ်။ အဲဒီလို လုပ်ခွင့်မရဘဲနဲ့ ထွက်သွားတဲ့ ဥပဒေထဲမှာ နမူနာတခုဆိုရင် အခု ငြိမ်းစုစည်းဆိုပြီး နံမည်ကြီးနေတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ။ ကျနော် သိသလောက်အပိုင်းအရ ဥပဒေဆွဲတဲ့ အချိန်တုန်းကလည်း အခုလိုမျိုး အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ် ညှိနှိုင်းတိုင်ပင်တာမျိုး မရှိခဲ့ဘူး။ တခါ အခု နံမည်ကျော် ပုဒ်မ ၁၈ ဒါက နည်းဥပဒေက ထွက်လာတဲ့ပုဒ်မ။ ဆိုတော့ နည်းဥပဒေ ဆွဲတဲ့အခါမှာလည်း ဘာမှ ညှိနှိုင်းတိုင်ပင်တာ မရှိခဲ့ဘူး။ အခုဆိုရင် အသင်းအဖွဲ့ဆိုတာက အစိုးရက တာဝန်ရှိတဲ့လူတွေနဲ့ လုပ်ဆောင်မှုတွေ မတူညီတဲ့အခါမှာ ဆန္ဒထုတ်ဖော်တယ်၊ ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာက ရှိမှာပဲ။ အခု လက်ရှိ ပုဒ်မ ၁၈ က ဒါတွေကို အတားအဆီး ဖြစ်နေတယ်။ အဲဒီအပေါ်မှာ မခင်လေး ဘယ်လို မြင်ပါသလဲ။
မခင်လေး ။ ။ အဲဒါကတော့ ကျမတို့အတွက် ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲပါ။ ဒါကိုလည်း ကျမက သမ္မတအိုဘားမားနဲ့ မတွေ့ခင်မှာ အမေရိကန် ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးဖြစ်တဲ့ Samatha Power နဲ့ တွေ့တော့ ပြောပြပါတယ်။ ဒါတွေက ကျမတို့ဆီမှာ တော်တော် မေးခွန်းထုတ်စရာဖြစ်တယ်။ ဥပဒေတွေက ရှေ့နောက်မညီတာတွေရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်း လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် ရှိတယ်လို့ ပြောပေမယ့်။ ပုဒ်မ ၁၈ နဲ့ ပြန်ပြီးတော့ ဖိနှိပ်ချုပ်ချယ်ထားတွေ ရှိတယ်ဆိုတဲ့အခါကြတော့ သူတို့ကလည်း ဒါကို လက်ခံပါတယ်။ ဒါပေမဲ့ ကျမတို့က အဲဒီအချိန်တုန်းက ပုဒ်မ ၁၈ လုပ်ချိန်တုန်းက သေချာတော့ မမှတ်မိတော့ဘူး။ တော်တော်လေး စောပါတယ်။ လွှတ်တော်သက်တမ်း တော်တော်နုသေးတဲ့အချိန်မှာ လုပ်တဲ့အတွက် သူတို့သည် ဘယ်သူ့အကြံဉာဏ်မှလည်း မယူဘူး။ ဒီအတိုင်း လုပ်ချလိုက်တယ်။ နောက်ပိုင်းမှာမှ ပုဒ်မ ၁၈ ရဲ့ အကျိုးဆက်ကြောင့် ဖြစ်လာတာတွေများတော့ နိုင်ငံတကာက နဲ့ ပြည်တွင်းက ဖိအားတွေ များလာတဲ့အတွက် အဲဒါကို နောက်ပိုင်း ဒီလိုမဖြစ်ရလေအောင်ဆိုပြီး ပြည်သူလူထုနဲ့ အပြင်ကိုသိရအောင် လုပ်တဲ့သဘောတွေ။ ကျမတို့ အရပ်ဖက်အဖွဲ့တွေကို ခေါ်တယ်။ အဲဒီတော့ ပုဒ်မ ၁၈ ကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထားပါတယ်။ ဒါကို ပြန်ပြီးတော့ စဉ်းစားရမယ့် ပုဒ်မ ဖြစ်နေတယ်။ တော်တော်ကို ဒီမိုကရေစီရဲ့ စံချိန်စံညွှန်းနဲ့ ဆန့်ကျင်တဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ကတော့ လုံးဝကန့်ကွက်တယ်။ ဒါမျိုးတွေ ရှိနေသရွေ့တော့ ကျမတို့ တိုင်းပြည်မှာ ဒီမိုကရေစီ ရှိမယ်လို့ မယူဆဘူး။
ကိုကျော်ကျော်သိန်း ။ ။ ဒီ ငြိမ်းစုစည်း - ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ရှိသလိုပဲ တပိုင်းမှာလည်း ဆန္ဒပြသူတွေအနေနဲ့ သက်ဆိုင်ရာ လက်ရှိ ရှိနေတဲ့ ဥပဒေတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတဲ့ သူတွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့်ကိစ္စတွေ။ ဥပမာ နောက်ဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခုဆိုရင် နေပြည်တော်မှာ ဆန္ဒပြတဲ့လူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြားမှာ ရုန်းရင်ဆန်ခတ်တွေ ဖြစ်တယ်။ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းသိမ်းထားတယ်။ ခဏ ဖမ်းထားတယ်ဆိုတဲ့ သဘောပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်ခဲ့တယ်။ နိုင်ငံတကာမှာလည်း ဒီလိုမျိုးဖြစ်ရင် အရေးယူရမယ်ဆိုတဲ့ ဥပဒေတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုလိုမျိုး ဆန္ဒပြခွင့်၊ တခါ ဥပဒေအတိုင်း နေခွင့်၊ ဥပဒေအတိုင်း လုပ်ခွင့်။ တဖတ်က လုံခြုံရေးတပ်တွေဖက်ကလည်း ဥပဒေအတိုင်း လုပ်ခွင့် အခြေအနေတွေနဲ့ ရှေ့အလားအလာပေါ်မှာ မခင်လေး ဘယ်လိုမြင်သလဲ။
မခင်လေး ။ ။ အဲဒါကတော့ ကျမတို့ ဘာကိုသက်သေပြနိုင်သလဲဆိုရင် ကျမတို့ နိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး မရှိဘူးဆိုတာကို ပြတာပါ။ အဲဒီတော့ ဥပဒေပြဌာန်းတဲ့ လူဖက်ကလည်း ဥပဒေကို လေးစားလိုက်နာမှု ရှိရမယ်ဖြစ်သလို။ နိုင်ငံသားတွေကလည်း ဥပဒေကို လေးစားလိုက်နာရမယ်။ ဥပဒေလေးစား လိုက်နာရမယ်ဆိုတာ တဖတ်သတ် ရေးဆွဲထားတဲ့ ဥပဒေတွေဆိုရင်တော့ ကျမတို့ ပြည်သူလူထုက လေးစားလိုက်နာဖို့က တော်တော်ခက်ပါတယ်။ အဲဒီအခါကြတော့ တယောက်နဲ့တယောက် အပြန်အလှန် ယုံကြည်မှုတွေ အားနည်းသွားကြတယ်။ ရန်လိုတဲ့ အပြုအမှုတွေဖြစ်တယ်။ အဲဒီတော့ ဥပဒေတွေကိုယ်တိုင်က ပြည်သူလူထု လေးစားလိုက်နာနိုင်တဲ့၊ ကောင်းမွန်တဲ့ ဥပဒေတွေ မဖြစ်နိုင်၊ မရှိနေသရွေ့တော့ အဲဒီလို အဖြစ်အပျက်တွေက ဆက်ပြီးတော့ ဖြစ်နေအုံးမှာပါ။
ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ အချိန်မအားတဲ့ကြားက တကူတကလာပြီးတော့ တွေ့ဆုံခွင့်ပြုတာ။
မခင်လေး ။ ။ ကျမကလည်း ကျေးဇူးတင်ပါတယ်။ ကျမ အမေရိကန် သမ္မတကြီးနဲ့ တွေ့ဆုံခဲ့တဲ့အပြင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေအတွက် အခုလို တကူတက မေးမြန်းပေးတဲ့အတွက်လည်း အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။