မန္တလေး အောင်မြင်မှုနဲ့ စိန်ခေါ်မှုများ

မန္တလေးမြို့တော်ဝန် ဦးရဲလွင်

Your browser doesn’t support HTML5

မန္တလေး အောင်မြင်မှုနဲ့ စိန်ခေါ်မှုများ

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မန္တလေး တိုးတက်ဖွံ့ဖြိုးရေးလုပ်ဆောင်ရာမှာ ဘယ်လို အောင်မြင်မှုတွေရခဲ့ပါသလဲ၊ ဘယ်လို စိန်ခေါ်မှုအခက်အခဲတွေ ရှိနေဆဲပါလဲ။ မန္တလေးမြို့တော်ဝန် ဦးရဲလွင် ကို မခင်ဖြူထွေးက မြို့တော်ဝန်ရုံးခန်းမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အခုလိုမျိုး အများက အသိအမှတ်ပြုတဲ့ တိုးတက်ပြောင်းလဲမှုတွေ မန္တလေးမှာ (၃) နှစ်တာကာလအတွင်းမှာ တော်တော်လေး သိသိသာသာ တွေ့မြင်နေရပါတယ်။ ဒီအပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနေနဲ့ အားရကျေနပ်စရာအကောင်းဆုံး ဘာတွေများ ကိုယ့်ကိုယ်ကို စွမ်းဆောင်နိုင်ခဲ့တယ်လို့ ယူဆပါသလဲ။

ဖြေ ။ ။ (၃) နှစ်အတွင်းမှာ ပြောင်းလဲခဲ့တဲ့အထဲမှာ အားရကျေနပ်ဆုံးလို့ ပြောရရင်တော့ တော်တော်လေးခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ Sector တွေ အများကြီး ရှိပါတယ်။ Sector အားလုံးမှာ Development တိုးတက်မှုရှိအောင် ကျနော်တို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြား ဒီထဲမှာ ပြောလို့ရတာတွေကတော့ … ခင်းတာတွေ ဖြစ်ပါတယ်။

မေး ။ ။ ကျမ အရင်က မန္တလေးကို ရောက်ဖူးတယ်။ အခုတခေါက်လာတော့ တော်တော်လေး ကွာသွားတယ်။ လမ်းတွေလည်း ပိုပြီးတော့ သန့်ရှင်းသွားတယ်။ ပိုပြီးတော့ကောင်းသွားတယ်။ အထူးသဖြင့် Traffics အပြောင်းအလဲကို တော်တော်လေးမြင်ရပါတယ်။ ပြီးတော့ ကျမတို့ကြားသိရတာက Smart City ခေတ်မီနည်းပညာတွေကိုသုံးပြီးတော့ မြို့တော်ကို Traffics မပိတ်အောင် လုပ်တာတွေကို ကြားသိရတယ်။ အဲဒီစီမံကိန်းက ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်နေပြီလဲ။

ဖြေ ။ ။ ဒီဟာကတော့ ၂၀၁၆ ကတည်းကစခဲ့ပြီး Traffics အတွက်ကို လုပ်ရတာ အများကြီးပါ။ နံပတ်တစ်အချက်က လမ်းတွေကို တတ်နိုင်သမျှချဲ့တယ်။ အောက်မှာ ကားသွားတဲ့လမ်းအောက်မှာ Sensor တွေ ထည့်ထားတယ်။ ထည့်ထားခြင်းအားဖြင့် ဒီပေါ်ဖြတ်သွားတဲ့ ကားတွေအပေါ်ကို ကြည့်ပြီးတော့ နဂိုကတည်းကလဲ Setting နဲ့ လုပ်ထားတယ်။ ကွေ့ကြောကို ဘယ်လောက်ပေးမလဲ။ တည့်တည့်ကို ဘယ်လောက်ပေးမလဲ။ ညာဘက်ကွေ့တာကို ဘယ်လောက်ပေးမလဲ။ အဲဒီ Sensor တွေကို တွက်ပြီးတော့ သူဘာသာ Automatic ပြန်ပြီးတော့ Setting လုပ်တာရှိတယ်။ နောက်တခုက ဒီဘက် Loop ကနေ ဟိုဘက် Loop ကို Information ပေးတာရှိတယ်။ Point နှစ်ခုက ကပ်နေပေမယ့်လဲ ဒီကြားထဲမှာ ပြဿနာရှိရင် အချက်အလက်ရတာပေါ့။ နောက်ထပ်အများကြီး ရှိသေးတယ်ဆိုတာ Data တွေ အကုန်ရတယ်။ ဒီပေါ်မှာ ဖြတ်သွားတဲ့ ယာဉ် Traffic Flows မနက်ပိုင်း၊ နေ့လယ်ပိုင်း၊ ညနေပိုင်း - ဘယ်အချိန်မှာ ဘယ်လောက်များတယ် - အဲဒါနဲ့ Future ကို တွက်လို့ရတယ်။

ဒါပေမဲ့ Infrastructure တချို့တွေကြတော့ ကုန်ကျစရိတ်သိပ်များတော့ ချက်ချင်းကြီး မလုပ်နိုင်တော့၊ ဂျပန်နဲ့ JICA ရဲ့ Grant ကို တင်ထားတာ၊ ပြည်ထောင်စုအဆင့်တော့ ဖြတ်သွားပြီးပြီ။ ဟိုဘက်က ၂၀၂၀ လောက်မှာ ရမယ်လို့ ယူဆပါတယ်။

မေး ။ ။ နောက်တခု ကျမ သတိထားမိတာက အရင်တုန်းကဆိုရင် နေ့ခင်းကြောင်တောင်မှာ လုယက်တာ ဆိုးသွမ်းတဲ့ သတင်းတွေကို ကြားသိရတယ်။ အခု (၃) နှစ်အတွင်းမှာ တော်တော်ကျသွားတယ်ထင်တယ်။ သိပ်မကြားရဘူး။ ဒါကိုရော ဆရာတို့ စနစ်တကျ ဘယ်လိုများ ထိန်းချုပ်ခဲ့သလဲ။

ဖြေ ။ ။ နှစ်ပိုင်းရှိပါတယ်။ တပိုင်းကတော့ တိုင်းဒေသကြီးနဲ့ဆိုင်တယ်။ ကျနော်တို့ ၂၀၁၈ အစပိုင်းလောက်မှာ Crime rates က များပါတယ်။ ဘယ်လိုများလဲဆိုရင် Hit and Run ဆိုတော့ ရာဇဝတ်မှု ဟုတ်ချင်းမှဟုတ်မယ်။ ဒါပေမဲ့ အဓိကတော့ Tablets ပြဿနာပါ။ ဆေးပြတ်သွားတဲ့လူက သူ ဘယ်လောက်ပဲရရ ရိုက်ပြီးလုသွားတယ်။ ရသလောက်နဲ့ရောင်းတယ်။ ဆေးဝယ်တယ်။ ဆိုတော့ ဒါတွေများလာတဲ့အခါ မန္တလေးတမြို့လုံးအတွက် လုံခြုံရေးစီမံချက်ကြီးကို ချပါတယ်။ ည လှည့်ကင်းတွေ၊ ပတ်ကင်းတွေ၊ ဝပ်ကင်းတွေ အဲဒါတွေ အကုန်လုပ်တဲ့အပြင်ကို ကျနော်တို့က စည်ပင်သာယာအနေနဲ့ ဘယ်လိုရှု့ထောင်က ကူနိုင်မလဲဆိုတာကို ကျနော်တို့ စဉ်းစားတယ်။ အဲဒီတော့ နည်းနည်းလေး မှောင်တယ်ဆိုရင် လုယက် လုပ်နိုင်တယ်။ လင်းတဲ့အခါ လုပ်လို့မရဘူး။ အဲဒီတော့ လမ်းလယ်မီးတိုင်ထွန်းတာရယ်။ဘေးက မီးတိုင်တွေ ထွန်းတာကလဲ ဘေးက မီးတိုင်တွေ ထွန်းတာကလဲ အဓိကလုပ်တာက နေ့နဲ့ညနဲ့ ခွဲလို့မရအောင်လုပ်တယ်။ ဒါပေမဲ့လဲ ကျနော်တို့သုံးတဲ့ Lighting system ကလဲ LED Lights တွေ၊ နောက်တခုက Quality lights – Opal တို့သုံးတော့ သူများတွေရဲ့ LED light 130 watts ထက် မီးတာစား သက်သာပါတယ်။ တမြို့လုံးမှာမှ ဘယ်လောက်မှ ပိုမကုန်ပါဘူး။

ဘာပဲပြောပြော Crimes က ညများဖြစ်တဲ့ Crimes တော်တော်များများ လျော့သွားပါတယ်။

မေး ။ ။ ဆရာတို့ အပြောင်းအလဲကို အလွယ်တကူနဲ့ ရခဲ့တယ်လို့ မယူဆပါ။ ဆရာတို့ အခုလိုလုပ်ဆောင်ချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင်လဲ ပြောပြပေးပါအုံး။

ဖြေ ။ ။ ချမ်းသာတာ လျော့သွားတာရယ်၊ နောက်တခါ သဘာဝပစ္စည်း လျော့သွားတာ ဒီလောက်အရေးမကြီးဘူး၊ ပိုအရေးကြီးတာက ဝန်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ Mindset, Attitude, Behavior တွေ လုံးဝပြောင်းသွားတယ်။ Corruption Rate က ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်သွားတယ်။ ပြည်သူတွေဘက်က ဘာတွေပြောင်းသွားလဲဆိုတော့ အခွန်တွေ မပေးချင်ကြတော့ဘူး။ စည်းကမ်းတွေ မလိုက်နာချင်ကြဘူး။ ဥပမာ အမှိုက်နဲ့ ပတ်သက်တဲ့စည်းကမ်း၊ ကွမ်းတံတွေးထွေးတဲ့ စည်းကမ်းတွေ - ဟိုငယ်ငယ်တုန်းက ဒါမျိုးတွေ မရှိဘူး။ နောက်တခုက ဘတ်စ်ကားစီးရင် ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေတွေ့ရင် ချက်ချင်းထပေးတယ်။ အခုနောက်ပိုင်း အဲဒီအကျင့်မျိုး မရှိတော့ဘူး။ အဲဒီလိုပဲ တခြားပြောင်းလဲသွားတာတွေလည်း အများအပြား ရှိပါတယ်။ ဒါပေမဲ့ ဒီ (၃) နှစ်အတွင်းမှာတော့ တော်တော်လေး ပြောင်းလဲနိုင်ခဲ့တယ်။ ပြောင်းလဲနိုင်ခဲ့တယ်ဆိုတော့ ပြည်သူတွေကော၊ အထူးသဖြင့် ဝန်ထမ်းတွေပါ ပြောင်းလဲနိုင်ခဲ့ပါတယ်။

ဝန်ထမ်းဆိုတာ သူတို့ကို Assignment အလုပ်ပေးရတယ်။ နောက်တခုက Incentives ပေးရတယ်။ အထူးအားဖြင့် Punishment ပြစ်ဒဏ်ပေးရတယ်။ ဒီလိုနည်းတွေနဲ့ ဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ စည်းရုံးရပါတယ်။ Appreciation ဆိုတာ သဘောက Promotion တွေ၊ ဘာတွေလုပ်မယ်ဆိုရင် ကျနော်တို့ ကော်မတီဝင်တွေကိုယ်တိုင် လုပ်တယ်။ ပြီးတော့ ကျနော်ကိုယ်တိုင် ပြန်စစ်ပြီးတော့ ကျနော်နဲ့ သက်ဆိုင်ရာကော်မတီဝင်တွေ တိုင်ပင်ပြီးတော့မှ ပေးပါတယ်။ Bias ဘက်လိုက်မှုမရှိဘဲနဲ့ ပေးတယ်။ အဲဒီတကြိမ်ကစပြီးတော့ နောက်ပိုင်းတွေမှာ ဝန်ထမ်းတွေရဲ့ လုပ်ချင်ကိုင်ချင်တဲ့ စိတ်ဓါတ် လုံးဝပြောင်းသွားတယ်။ တကယ်ကို ပြောင်းလဲသွားတာပါ။

မေး ။ ။ နောက်တခုက ဆရာတို့ မြို့တော်ကြီးတခုလုံးကို တိုးတက်ပြောင်းလဲအောင် လုပ်ရတဲ့အချိန်မျိုးမှာ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ပြဿနာက တော်တော်လေးကြီးကြီးမားမား ရှိနေတယ်။ ဒီလို သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မှုသိပ်မရှိအောင် မြို့တော်ကို သာယာလှပအောင်လုပ်တဲ့ နေရာမှာ အခက်အခဲတွေ ကြုံရတာ ရှိပါလား။

ဖြေ ။ ။ အခက်အခဲကတော့ အရင်တုန်းက ကျန်ရစ်ခဲ့တဲ့ အခက်အခဲတွေပေါ့။ သဘာဝပတ်ဝန်းကျင်ကို အထိခိုက်ဆုံးကတော့ ကျနော်တို့က စည်ပင်ဆိုတော့ စိမ်းလန်းစိုပြေရေးကလည်း ကျနော်နဲ့ဆိုင်တယ်။ သဘာဝပတ်ဝန်းကျင်ကလည်း ကျနော်နဲ့ ဆိုင်တယ်။ Air pollution လေထုညစ်ညမ်းမှု - နောက်တခုက Underground water pollution မြေအောက်ရေညစ်ညမ်းမှု က အဆိုးဆုံးးပါ။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုဇုန်တွေ ဆောက်လိုက်တယ်။ အရင်တုန်းကဆွဲခဲ့တဲ့ ဒီဇိုင်းတွေက ဘာလဲဆိုတော့ စက်မှုဇုန်ကထွက်လာတဲ့ Waste အညစ်အကြေးတွေက တစ်အချက်က အရမ်းပူပါတယ်။ နှစ်အချက်က သူတို့ရေ PH က အလွန်နိမ့်တဲ့ Very low PH - အဲဒီအထဲမှာ BOD, BOC က လေးသောင်းငါးသောင်း အဲဒီလိုများတယ်။ ဒါတွေ သိပ်များတဲ့အခါ အဲဒါတွေကို ဒုတ္ထဝတီမြစ်ထဲကို တိုက်ရိုက်စွန့်ပစ်တယ်။ အဲဒီပန်စ်တွေက အပူဒဏ် ရေဒဏ်ကြောင့် ကြာကြာမခံနိုင်ဘူး၊ အက်စစ် ဓါတုပစ္စည်းကြောင့်လည်း ဖြစ်ပါတယ်။ ဂတ်စ်ကတ်စ်တွေက အမြဲတမ်းပျက်တယ်။ အဲဒီတော့ စက်ရုံတည်ဆောက်မယ့်နေရာက စက်မှုဇုန်နဲ့ တော်တော်ဝေးတယ်။ နှစ်မိုင်ကျော်လောက်ဝေးတယ်။ အဲဒီကြားထဲမှာ ခဏခဏပေါက်တယ်။ ခဏခဏ ပေါက်နေတဲ့ကြားထဲက ဘာလို့ ဒီလိုနေရာမျိုးကို ရွေးခဲ့လဲ။ နေရာရွေးကတည်းက မှားခဲ့တယ်။ နေရာက စက်မှုကဘေးမှာပဲ ရှိရမယ်။ ဒါမှမဟုတ် ကျနော်တို့က အားပေးပြောဆိုတာက … စက်ရုံတွေက ဆင်းရဲပါတယ်။ နည်းနည်းချမ်းသာတဲ့လူဆို အဲဒီမှာ မပါဘူး။ အဲဒီတော့ သူတို့အားလုံးကို စုပြီးတော့ လုပ်တဲ့ ပန့်စ်တခု ဒေါက်တာခင်မောင်ဝင်းနဲ့ ကျနော် ပေါင်းပြီးတော့ ကျနော်တို့ ကြိုးစားလုပ်တယ်။ လုပ်တဲ့အခါ International Grants သဘောမျိုး (၆၅) ရာခိုင်နှုန်းရတယ်။ အဲဒါဆောက်နေပြီ၊ ပြီးခါနီးပြီ။ Grand အနေနဲ့က အခုနပြောတဲ့ လမ်းချဲ့တဲ့နေရာတွေမှာတော့ မဖြစ်မနေ ရွှေ့ရတယ်။ တော်ရုံတန်ရုံ (၁၅) ပေလောက်မြင့်တဲ့ အပင်ဆိုရင်တော့ တခြားနေရာကို ရွှေ့စိုက်တယ်။ ကျုံးဘေးလမ်း လုပ်တုန်းက အပင်တွေကို မြယဉ်နန္ဒာကို ရွှေ့စိုက်တယ်။ အပင်ကြီးသွားတာတွေကိုတော့ ခုတ်ရပါတယ်။ ဒါပေမဲ့ ပြန်အစားထိုးစိုက်ဖို့ အမြဲတမ်းလုပ်ပါတယ်။ ဒီနှစ် လာမယ့်ရာသီမှာဆိုရင် ပျိုးပင် တစ်သိန်းလေးသောင်း ပျိုးထားပြီသား အဲဒါကို နောက်ထပ်တစ်သိန်းနီးပါးလောက်ရအောင် အလှုရှင်တွေနဲ့ ကျနော်နဲ့ ပူးပေါင်းပြီးတော့ ကြိုးစားနေပါတယ်။

မေး ။ ။ ဆောင်ရွက်ခဲ့တာတွေကတော့ အများကြီးပါ။ (၃) နှစ်တာ ကာလအတွင်း - အခက်အခဲတွေလည်း ရှိတယ်။ ဒါပေမဲ့ အများကြီးဆောင်ရွက်နိုင်ခဲ့ပြီဆိုတော့ လာမယ့်ရှေ့ (၂) နှစ်မှာကော ကျန်နေသေးတဲ့ သက်တမ်းမှာကော ဘယ်လိုကိစ္စတွေကို အဓိကဦးစားပေးပြီးတော့ အပြောင်းအလဲကို ဖော်ဆောင်သွားဖို့ ရှိပါလဲ။

ဖြေ ။ ။ အဓိကသွားချင်တာကတော့ IoT based Smart City ဖြစ်အောင် Infrastructure တွေကို လုပ်နေတယ်။ ဥပမာ Traffic Lights မှာဆိုရင် HIKIBMS (?) – camera တွေ ထည့်ထားတယ်။ ဒီကင်မရာတွေက ဥပဒေချိုးဖောက်တဲ့ ကားတွေကို ဖမ်းယူနိုင်တယ်။ လမ်းအကူးအပြောင်းလုပ်တာ၊ လမ်းပြောင်းပြန်ဝင်လာတာ၊ မီးနီကို ဖြတ်သွားတာတွေကို လူစောင့်ကြည့်စရာ မလိုဘူး။ အဲဒီလိုပဲ အမှိုက်ကား၊ သိမ်းဆည်းမှုကိုလည်း စောင့်ကြည့် အလုပ်ပေးနိုင်တယ်။ ဘယ်နေရာမှာ ဘယ်ကိုရောက်ရင် ရပ်ပြီးတော့ အမှိုက်ပစ်တဲ့လူတွေကို စောင့်ပေးပါ။ ဘယ်နှစ်မိနစ်စောင့်လဲ၊ ဘယ်လိုသွားလဲ။ ဒီပွိုင့်မှာ စောင့်လားဘာလား အားလုံးကို ကျနော်တို့ Check လုပ်လို့ရတယ်။ ဒါပေမဲ့လဲ Infrastructure တွေက Ongoing construction ပဲ ရှိနေသေးတယ်။ ဒါကြောင့် အခုလောလောဆယ် ခဏအခက်အခဲ တွေ့နေသေးတယ်။ အဓိကက Digitalization လုပ်တဲ့နေရာမှာ အကျိုးကျေးဇူးတွေ အများကြီးပါ။ ကျနော်က ကံကောင်းတာက Leap ကျော်လို့ရတယ်။ သူများတွေ ကျော်ဖြတ်လာတဲ့ System တွေကို ကျော်မယ်။ အခုအခါ Mobile Payment ကို သွားမယ်။ Card system နဲ့ Mobile Payment ကို သွားချင်တယ်။ ဒီလိုပါပဲ ကျန်တဲ့ Sectors တွေလည်း အများကြီးလုပ်နေတယ်။ ကျနော် တစ်ခုထပ်ပြောချင်တာကတော့ မန္တလေးမြို့မိမြို့ဖတွေက လမ်းမီးတွေကိုလှုတာ၊ One billion နီးပါး ရှိပါပြီ။ ငွေတန်းဖိုး။ (၆၆) လမ်းဆိုရင်လည်း သိဂ်ဟဖောင်းဒေးရှင်းကလှုတာ Two Billions ရှိပါတယ်။

လမ်းအလယ်မှာထွန်းမယ့် လမ်းမီးတိုင်စီမံကိန်းက ပြီးသွားပြီ။ ရပ်ကွက်တွေမှာ ထွန်းဖို့ဟာ ရပ်ကွက်တွေကြတော့ ကိုယ့်ရပ်ကွက်နဲ့ကိုယ် လှုလို့ရတယ်။ အဲဒီတော့ ကျနော်တို့က မန္တလေးမြို့က စည်ပင်တခုတည်းနဲ့ ပြီးတာမဟုတ်ပါဘူး။ ကျန်တဲ့ဌာနပေါင်းစုံနဲ့လည်း အချိတ်အဆက် ရှိပါတယ်။ အထူးသဖြင့် အထွေထွေအုပ်ချုပ်ရေးဌာန။ နောက် NGOs တွေနဲ့လည်း ကျနော်တို့နဲ့ အမြဲတမ်း အဆက်အသွယ် ရှိသလိုပဲ၊ ပြည်သူတွေနဲ့လည်း အမြဲတမ်းပူးပေါင်းးမှု ရှိပါတယ်။ အားလုံးက တစည်းတလုံးထဲပါ။

မေး ။ ။ အခုလိုဖြေကြားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။