ဒေါ်လာငွေဈေးနဲ့ စီးပွားရေး

မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာငွေများ။ သြဂုတ် ၁၈၊ ၂၀၁၁။

အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းဟာ သင့်တင့်လျောက်ပတ်တဲ့ နှုန်းထားတဲ့ အတက်ပြနေမှ သာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအတွက် ကောင်းမွန်တဲ့အခြေအနေ ဖြစ်လိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်လာငွေဈေး အတန်ငယ် အတက်ပြခဲ့ပြီးတဲ့နောက် သူက အဲဒီလိုပြောတာပါ။ ဒေါ်လာနဲ့ ကျပ်ငွေ အလဲအလှယ်ဈေးကွက် အခြေအနေနဲ့ စီးပွားရေးအပေါ် သက်ရောက်နိုင်ခြေတွေနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ကိုဇေယျာကို ဆက်သွယ်မေးမြန်းပြီးတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။