ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အပေါ် လေ့လာသုံးသပ်ချက်

ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အရေးတကြီးလိုနေတာပါ။

ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ပြဌာန်းခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွေဟာ အရင် စစ်အစိုးရလက်ထက်ကပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ကွာခြားပြီး အားသာချက်တွေရှိတယ်လို့ မြန်မာ့စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးမှုအဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပိုဆွဲဆောင်နိုင်အောင် ပြည်တွင်းအာမခံကုမ္မဏီတွေ နိုင်ငံတကာအဆင့်မီရေး တွန်းအားပေး လုပ်ဆောင်သင့်တယ်လို့ မြန်မာ့စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးအဖွဲ့က သုတေသီ ကိုဇာနည်က အကြံပေးပါတယ်။

ဒီ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းပြူစုရာမှာ ကိုယ်တိုင်သုတေသနပြု ပါဝင်ခဲ့တဲ့ ကိုဇာနည်ကို ဒေါ်ခင်စိုးဝင်းက ဆက်သွယ်မေးမြန်း ထားတာကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။