ဘဝရပ်တည်ရေး ပြည်ပထွက် အလုပ်ရှာကြတဲ့ အမျိုးသမီးလေးတွေရဲ့ တွေ့ကြုံမှု

  • Hla Than

သြဂုတ်လ ၂၈ ရက်နေ့ဟာ “အိမ်ဖော်လုပ်သားတွေနဲ့ သွေးစည်းခိုင်မာရေး နိုင်ငံတကာနေ့”ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးကြပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအမျိုးသမီးတွေ အများအပြားရှိကြပါတယ်။ ဘဝရပ်တည်ရေးအတွက် အခက်အခဲတွေကြားက ရုန်းကန်နေကြတဲ့ သူတို့ဘ၀ အဆိုးအကောင်းတွေ ရှိကြတာနဲ့ပတ်သက်လို့ - ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်