Facebook ပေါ်မှာ စီးပွားရှာ

“သူတို့တလကို သိန်းကျော်ရတဲ့ အနေအထားမှာ ရှိနေတယ်” (ကိုအောင်ခမ်းကျော် Social Media Manager)
Social Media လူမှုကွန်ယက်တွေကို မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်တာတင်မဟုတ်ဘဲ စီးပွားဖြစ်သုံးပြီး ဝင်ငွေရှာနေကြသူတွေ အများအပြားရှိနေပါပြီ၊ ကိုယ့် ကုန်ပစ္စည်းအတွက် ဈေးကွက်ကို ထိထိရောက်ရောက်ဖြန့်နိုင်တာမို့ လူမှုကွန်ယက်ပေါ်ကနေ ဈေးကွက်တင်နေကြတာပါ၊ မြန်မာနိုင်ငံမှာဆိုလဲ အသုံးများတဲ့ Facebook ကိုသုံးပြီး ကုန်ပစ္စည်းအရောင်းအဝယ်ဖြစ်နေကြပါတယ်၊ အဲဒီလို FB ကို အသုံးချနေတဲ့ သူတွေထဲက တယောက်ဖြစ်တဲ့ ကိုအောင်ခမ်းကျော်က ပြောပြထားပါတယ်၊