အမေရိကန်ပြည်ထောင်စုတဝှမ်း နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ကလည်း မိသားစုတွေ ပြန်လည်စုံစည်းကြ၊ လက်ဆောင်တွေ ဖလှယ်ကြ၊ အားလပ်ရက် ဖြစ်တာနဲ့အညီ မိတ်ဆွေတွေစုပြီးတော့ ခရစ္စမတ်ပွဲတွေကိုလည်း ကျင်းပကြပါတယ်။
ဒီလိုကျင်းပကြတာမှာ အမေရိကန် ပြည်ထောင်စုကို အကြောင်းအမျိုးမျိုးနဲ့
ရွှေ့ပြောင်း အခြေချနေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေလည်း ခရစ္စမတ်ပွဲတော်တွေကို ဘယ်လို ဆင်နွှဲကြသလဲဆိုတာကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
ဒီကနေ့ ခရစ္စမတ်နေ့မှာတော့ အမေရိကန် ပြည်ထောင်စုတဝှမ်းမှာ ခရစ္စမတ်ပွဲတော်တွေအဖြစ် ဘုရားကျောင်းမှာ ဆုတောင်းပွဲတွေကျင်းပ၊ နောက် မိသားစုတွေ မိတ်ဆွေတွေ စုံစည်းကြပြီး ပျော်ပွဲရွှင်ပွဲ ပါတီပွဲတွေ ဆင်နွှဲကြဖို့ ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုကို အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရွှေ့အခြေချ နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသား အများစုနေထိုင်ရာ အင်ဒီးယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ခရစ္စမတ်ပွဲတော်တွေ ဘယ်လိုကျင်းပဖို့ ပြင်ဆင်နေသလဲဆိုတာကို မြို့ခံတဦးဖြစ်တဲ့ ကရင်တိုင်းရင်းသူ သေလာထူးက အခုလို ပြောပြပါတယ်။
“ဖို့ဒ်ဝိန်းမှာက အဖွဲ့အများကြီးရှိတယ်။ တချို့နေရာတွေကြတော့ လုပ်ပြီးပြီပေါ့နော်။ ကျမတို့ကျတော့ --- Church ကနေပြီးတော့ မနက်ဖြန်ခါ ၁ နာရီကနေ ဘုရားရှိခိုးမယ်။ ခရစ္စမတ်ပုံပြင်လေးတွေပေါ့နော် ကလေးတွေကို သူတို့လုပ်ခိုင်းမယ်။ လူကြီးတွေကျတော့ ခရစ္စမတ်သီချင်းတွေ၊ ခရစ္စမတ်ပွဲတွေကို လုပ်မယ်။ ပြီးရင် ဘုရားရှိခိုးမယ်။ ပြီးလို့ရှိရင် မိသားစုတွေ မိတ်ဆွေစားပွဲပေါ့နော် အဲ့ဒါ သူတို့ ပါတီလုပ်ပြီးတော့ စားကြမယ်။ ညဘက်ကျတော့ သူငယ်ချင်းတွေ ကိုယ်သိတဲ့သူငယ်ချင်းတွေ မိသားစုတွေ ကိုယ်ရင်းနှီးတဲ့သူတွေပေါ့နော် ဖိတ်ပြီးတော့ အိမ်မှာ ခရစ္စမတ်ပါတီ လုပ်ပေးမယ်။ အဲ့ဒါကျတော့ သူတို့လာလို့ရှိရင် ကိုယ်က တချို့မိသားစုတွေကျတော့ ကိုယ်က ခရစ္စမတ် Present ထုတ်ပြီး သူတို့ကို လက်ဆောင်လေးပေးလိုက်တယ်။”
အင်ဒီးယားနားပြည်နယ်မှာက ပြောင်းရွှေ့အခြေချလာတဲ့ မြန်မာတိုင်းရင်းသားပေါင်းစုံ နေထိုင်နေကြတာမို့ ဘုရားကျောင်းတွေ၊ အသင်းတော်တွေကလည်း သူ့တိုင်းရင်းသားအလိုက် အများအပြား ရှိနေတာပါ။ အင်ဒီးယားနားပြည်နယ်ထဲက မြန်မာတိုင်းရင်းသားတွေ အများစု နေထိုင်ကြတဲ့ နောက်မြို့တခုကတော့ အင်ဒီးယားနားပုလိစ့် ဖြစ်ပါတယ်။ အဲဒီမှာကလည်း ကချင်၊ ချင်း၊ ကရင်၊ ဗမာ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတာပါ။ အင်ဒီးယားနားပုလိစ့်မြို့မှာ နေထိုင်နေတဲ့ လူငယ်တဦးဖြစ်သူ မရွှေနန္ဒာဝင်းကို ခရစ္စမတ်နေ့ အစီအစဉ် မေးကြည့်တာမှာတော့
“ခရစ္စမတ်နေ့မှာဆိုရင်တော့ ဘုရားကျောင်းတက်တယ်။ ဘုရားကျောင်းတက်ပြီးမှ ညီမတို့အနေကတော့ ဘုရားကျောင်းတက်တယ် ၂ နာရီကနေ ၄ နာရီအထိ။ ဒီညလည်း အဲ့လိုမျိုးပဲ ဘုရားကျောင်းတက်မယ့် အစီအစဉ်တွေရှိပါတယ်။ Present Change တို့၊ ဟာသပြောတဲ့ပွဲတို့၊ အဲ့လိုမျိုးဟာတွေရှိတယ်။ အများအားဖြင့်တော့ အဲ့လိုမျိုးဟာတွေပါပဲ ခရစ္စမတ်တိုင်းဟာ။ ခရစ်ယာန်တွေအတွက်ကတော့ သူတို့ဘုရားရှိခိုးတယ် ၂၄ ရက်နေ့ ၂၅ ရက်နေ့ Present တွေ Change တယ်။ ဘုရားသခင်မွေးနေ့မှာ ကျေးဇူးတင်စကားတွေပြောတယ်။”
အင်ဒီးယားနားပြည်နယ် အင်ဒီးယားနားပုလိစ့် အသင်းတော်ရဲ့ အမျိုးသမီးအဖွဲ့ ဥက္ကဌ မလေး ကလည်း သူတို့အသင်းတော် ဘုရားကျောင်းမှာ ကျင်းပမယ့် ခရစ္စမတ်နေ့ အစီအစဉ်ကို အခုလို ပြောပြပါတယ်။
“အဲ့ဒီ ကျမတို့ ဘုရားရှိခိုးပြီးလို့ရှိရင် ဒီမှာရှိတဲ့ အသင်းသူအသင်းသားတွေပေါ့နော် မိတ်ဆုံစားပွဲရှိမယ်။ ပြီးလို့ရှိရင် အခု ကျမတို့ ဥပုသ်စောင့်ခြင်းအသင်းကပေါ့ ကလေးငယ်တွေပေါ့နော် သီချင်းဆိုပြိုင်ပွဲ လုပ်မလို့ အစီအစဉ်ရှိပါတယ်။”
ဒါကတော့ အင်ဒီးယားနားပြည်နယ် အင်ဒီးယားနားပုလိစ့်မြို့မှာ နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေ ခရစ္စမတ်ပွဲ ဆင်နွှဲကြမယ့် အကြောင်းတွေကို ပြောပြခဲ့တာပါ။ နောက် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့်မြို့က မြန်မာတွေ ခရစ္စမတ်ပွဲတော်တွေကို ကိုယ့်အသင်းတော်တွေနဲ့ကိုယ် ကျင်းပမယ့်အကြောင်း ဟိုက်ပွိုင့်မြို့က Life Community Church Myanmar အသင်းတော်က ကချင်တိုင်းရင်းသူ တဦးလည်းဖြစ်တဲ့ မရက်ဒ်ဂျီ က ရှင်းပြပါတယ်။
ဘုရားကျောင်းမှာ ဆုတောင်းပွဲလုပ်၊ မိသားစုတွေ မိတ်ဆွေတွေ စုံပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာ၊ နောက် တယောက်နဲ့ တယောက် လက်ဆောင်ပစ္စည်း လဲလှယ်တာတွေလည်း လုပ်ကြမယ်လို့ သူမက ပြောပါတယ်။ နောက် မြန်မာပြည်သူ ပြည်သား အားလုံးအတွက်လည်း ခရစ္စမတ်မှာ အခုလို ဆုတောင်းပေးပါတယ်။
“ခရစ္စမတ်ကပေါ့နော် ခရစ္စမတ်ရဲ့ အရှင်သခင် ယေရှုခရစ်က ကျမတို့ ခရစ်ယာန်တွေအတွက်ပဲ မဟုတ်ဘူးပေ့ါ။ တကမ္ဘာလုံးမှာရှိတဲ့ လူသားတွေကို ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်း၊ မျှော်လင့်ခြင်းကို သယ်ဆောင်ပေးလာတဲ့ အရှင်ဖြစ်တယ်။ အဲ့ဒီ ငြိမ်းချမ်းခြင်း၊ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းတွေက ကျမတို့ ဗမာပြည်သူပြည်သား အယောက်ဆီတိုင်းကို ဘုရားရဲ့ဂရုဏာတရားပေ့ါနော် အစဉ်တည်မြဲနေပါစေလို့ ကျမ ဒီနေရာကနေပြီးတော့ ကျမတို့ ဗမာပြည်သူပြည်သားအားလုံးအတွက် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်လို့”
ခရစ္စမတ်ပွဲတော်ကတော့ ယေရှုခရစ်တော် ဖွားမြင်တော်မူတဲ့နေ့အဖြစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တိုင်း ခရစ်ယာန်ဘာသာ သက်ဝင်သူတွေ နှစ်စဉ် ကျင်းပတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။