ဖွံ့ဖြိုးစနိုင်ငံတွေမှာ မိဘမဲ့ အလေအလွင့် ကလေးငယ်တွေ အများအပြားရှိနေရာမှာ သူတို့လေးတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရေးအတွက် တနိုင်တပိုင် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေအပြင် တဦးချင်းစီလည်း ကြိုးပမ်းဆောင်ရွက်မှုတွေရှိတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ပတ်သက်လို့ အမျိုးသမီးတွေရဲ့ ဦးစီးဆောင်ရွက်မှုကို အများဆုံးတွေ့နိုင်ပါတယ်။ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသူတဦးက အိန္ဒိယရှိ လေလွင့်ကလေးငယ်တွေအတွက် ဘယ်လိုဆောင်ရွက်ပေးခဲ့သလဲ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာလေလွင့်ကလေးငယ်တွေအတွက် မဲဆောက်ရှိ မြန်မာအမျိုးသမီးတွေ ဘယ်လိုကျိုးပမ်းပေးနေကြသလဲ ဆိုတာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။