Facebook နဲ့ Privacy ပြဿနာ

Facebook သုံးသူပေါင်း သန်း ၅၀ ရဲ့အချက်အလက်တွေကို ကာယကံရှင်တွေမသိအောင်ခိုးယူ အသုံးချခံရတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပြီးနောက်မှာ သုံးစွဲသူတွေရဲ့ အချက်အလက် လုံခြုံရေးချိုးဖောက်ခံရမှုနဲ့ Facebook ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ ဘယ်လိုများ သုံးသူသန်း ၅၀ ရဲ့ အချက်အလက်တွေ အသုံးချခံခဲ့ရသလဲ။ ဒီပြဿနာကြီးမားမှု ဂယက်က Facebook ကို ဘယ်လောက်ထိခိုက်စေနိုင်သလဲဆိုတာကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။