တန်ဖိုးနည်းဖုန်းတချို့နဲ့ အချက်အလက်လုံခြုံရေးပြဿနာ

မြန်မာနိုင်ငံမှာရောင်းတဲ့ တရုတ်လုပ် တန်ဖိုးနည်း လက်ကိုင်စမတ်ဖုန်းတချို့ထဲမှာပါလာတဲ့ App တချို့က လက်ကိုင်ဖုန်းသုံးသူနဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို ကာယကံရှင်တွေ မသိအောင်ရယူတယ်လို့ Financial Times သတင်းစာကြီးထဲမှာ ဖော်ပြခဲ့ပါတယ်။ လက်ကိုင်စမတ်ဖုန်းထဲမှာ ဝယ်ထဲကပါလာတဲ့ App တွေပဲဖြစ်ဖြစ်၊ ကိုယ်တိုင်လိုချင်လို့ ထပ်ထည့်တဲ့ App တွေပဲဖြစ်ဖြစ် ခုလိုကိုယ်နဲ့ပါတ်သက်တဲ့ အချက်အလက်တွေကို ရယူတတ်တယ်ဆိုတာကို မြန်မာနိုင်ငံက လက်ကိုင်ဖုန်းသုံးသူတွေ ဘယ်လောက် သတိထားမိကြပါသလဲ။ မြန်မာနိုင်ငံ မြို့အစုံမှာ လက်ကိုင်ဖုန်းတွေရောင်းချတဲ့ လူကြီးမင်းဖုန်းဆိုင်ပိုင်ရှင်ကို မေးမြန်းပြီး မစုမြတ်မွန်က ဘလောက်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။

Your browser doesn’t support HTML5

တန်ဖိုးနည်းဖုန်းတချို့နဲ့ အချက်အလက်လုံခြုံရေးပြဿနာ