ဖန်တီးမှုတွေပျောက်သွားတဲ့ Myspace

Myspace Website

Myspace လူမှုကွန်ယက်ဟာ ဝါသနာရှင်တချို့ကို ကမ္ဘာကျော်အဆိုတော်တွေ အနုပညာရှင်တွေဖြစ်လာအောင် စင်တင်ပေးတဲ့ နေရာတခုလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ Myspace ပေါ်မှာ အနုပညာရှင် ၁၄ သန်းလောက် သိမ်းထားကြတဲ့ အသံဖိုင် သန်း ၅၀ ကျော် ပျောက်ပျက်သွားတယ်လို့ Myspace ကကြေညာခဲ့ပါတယ်။ အဲဒီထဲမှာ ရောသမမွှေအဆိုတော်သားစိုးရဲ့ ဖန်တီးမှုတွေလည်း ပါသွားပါတယ်။ Online ပေါ်မှာသိမ်းထားတာတွေ စိတ်ချရတယ်လို့အာမခံနေချိန်မှာ ကိုယ့်ရဲ့ဖန်တီးမှုတွေ ပြန်မရနိုင်တော့အောင် ပျောက်ပျက်မသွားအောင် ဘယ်လိုကာကွယ်သင့်သလဲဆိုတာ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။

Your browser doesn’t support HTML5

ဖန်တီးမှုတွေပျောက်သွားတဲ့ Myspace