သြဂုတ်လ ၃၊ ၂၀၁၉ - မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကအစ၊ ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် ကုလသမဂ္ဂ လက်အောက်ခံ UNESCO က အသိအမှတ်ပြုလိုက်တဲ့ ကိစ္စအဆုံး ကန့်ကွက်သံတွေ ထောက်ခံသံတွေ ကျယ်ကျယ်လောင်လောင် ကြားကြရပါတယ်။
မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေး၊ အမုန်းစကားတွေ မပြန့်ပွားရေး၊ လူမှုအသိုင်းအဝန်းကြား သဟဇာတဖြစ်ရေး လှုံ့ဆော်လှုပ်ရှားနေတဲ့ ကြားမှာပဲ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ယုံကြည်မှုတွေ မတူတဲ့အပေါ် ပြင်းပြင်းထန်ထန် သဘောထား ကွဲပြားကြတာ ဘာကြောင့်များပါလဲ၊ သဘောထား ကွဲပြားမှုတွေ ကြီးထွားမလာအောင် ဘယ်လိုရှောင်ရှားနိုင်မလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
Your browser doesn’t support HTML5