ငြိမ်းစုစီဥပဒေ ပြင်သင့်၊ မသင့်

ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈ - ငြိမ်းစုစီလို့ လူသိများတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို လွှတ်တော်က ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။

ဆန္ဒပြပွဲတွေအတွက် သွေးဆောင်စည်းရုံးတာတွေကို ရှောင်ရှားနိုင်ဖို့၊ နိုင်ငံသားတွေ ကိုယ်ကျင့်တရားနဲ့အညီ ဆန္ဒထုတ်ဖော်နိုင်ဖို့ ရည်ရွယ်ပြီး၊ ဆန္ဒပြပွဲအတွက် ကုန်ကျစရိတ်နဲ့ ကျခံမယ့်သူရဲ့ အချက်အလက်ကို တင်ပြဖို့ ထပ်မံဖြည့်စွက် ပြင်ဆင်မယ်လို့ ဆိုပေမဲ့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ၊ ဒီမိုကရေစီ အခြေခံတွေအပေါ် ကန့်သတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ငြိမ်းစုစီ ဥပဒေ ပြင်သင့်-မသင့်၊ ဖြည့်စွက်ပြင်ဆင်ခြင်းအားဖြင့် အဆိုးအကောင်း ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲ ဆိုတာတွေကိုတော့ ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦး က ဆွေးနွေးတင်ဆက် ထားပါတယ်။

Your browser doesn’t support HTML5

ငြိမ်းစုစီဥပဒေ ပြင်သင့်၊ မသင့်