စနေနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကော့မှူးမြို့နယ်မှာ ဒေသခံပြည်သူတွေနဲက အမှိုက်ကောက်နေစဉ် ( NLD Chairperson facebook)

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်တဲ့အမှိုက်ကောက်လှုပ်ရှားမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ စတင်လိုက်ပါပြီ။ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲမှာ မိမိတို့ရဲ့သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေသန့်ရှင်းသာယာရေးကို တာဝန်ယူကြရမှာဖြစ်ပြီး ပထမဆုံး အနေနဲ့ ကိုယ့်မဲဆန္ဒနယ်မြေအလိုက် အမှိုက်ကောက်ကြဖို့ ဒေါ်အောင် ဆန်းစုကြည်ညွှန်ကြားခဲ့ပြီးနောက် ဒီလှုပ်ရှားမှုကို စတင်လိုက်တာဖြစ်ပါတယ်။ လူထုအားလုံးပါဝင်တဲ့ လူမှုအသိုင်းအဝိုင်းပြောင်းလဲရေးအတွက် အခုလိုမျိုးအခြေခံကျတဲ့ လှုပ်ရှားမှုတွေပေါ်မှာ သောတရှင်တွေ ဘယ်လိုယူဆပါသလဲ။ နောက်လူမှုအသိုင်းအဝိုင်းကို အခြေခံကျကျပြောင်းလဲနိုင်ဖို့ လူထုကိုယ်တိုင်ပါဝင်နိုင်တဲ့ တခြားနည်းလမ်းတွေ၊ လှုပ်ရှားမှုတွေ ဘယ်လိုရှိမယ်လို့ရော မြင်ပါသလဲ။ နောက် လူမှုအသိုင်းအဝိုင်းရဲ့အမူအကျင့်တွေပြောင်းလဲမှုကို NLD အနေနဲ့ ဘယ်လောက်အထိ ဦးဆောင်သွားနိုင်မလဲ။ ဒီတပတ်စနေနေ့တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သောတရှင်တွေပါဝင်ဆွေးနွေးထားပါတယ်။

Your browser doesn’t support HTML5

စနေနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်