ဧပြီလ ၁၃၊ ၂၀၁၉ - မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီသီတင်းပတ်ထဲမှာပဲ တရုတ်နိုင်ငံကို သွားရောက်ခဲ့သလို၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဒီလနှောင်းပိုင်း သွားဦးမှာ ဖြစ်ပါတယ်။
မြန်မာထိပ်တန်း ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို ဆက်တိုက်ဆိုသလို သွားနေကြတာဟာ ဆက်ဆံရေးတွေ ပိုမိုနီးကပ်လာတဲ့ လက္ခဏာတခုလို့ ဆိုနိုင်ပါသလား၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ကဏ္ဍပေါင်းစုံမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံမှုတွေကနေ မြန်မာနိုင်ငံအတွက် အဆိုးအကောင်း ဘာတွေများ မျှော်လင့်နိုင်ပါသလဲ ဆိုတာတွေကို ဗွီအိုအေရဲ့ စနေနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကိုအောင်လွင်ဦးက ဆွေးနွေးတင်ဆက် ထားပါတယ်။
Your browser doesn’t support HTML5