မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်ရောက်ဖို့ အလားအလာကို ခပ်ရေးရေး မြင်နေရပြီလို့ သုံးသပ်ချက်တွေ ကြားနေရပါတယ်။ ဒီလိုအချိန်မျိုးမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆက်လက် ရပ်တည်နိုင်ရေးအတွက် တရားဝင် မှတ်ပုံတင်လိုက်ခြင်းဟာ ဒီအလားအလာကောင်းကို ပိုမို တွန်အားပေးသလို ဖြစ်လာစေလိမ့်မယ်လို့ သောတရှင်များ ယူဆကြပါသလား ဆိုတာကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းနဲ့ ဦးကျော်ဇံသာက ဆွေးနွေး တင်ပြထားပါတယ်။