ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်နဲ့ မြန်မာ့နိုင်ငံရေး

Suu-Obama

Suu-Obama

စက်တင်ဘာ ၂၂၊ ၂၀၁၂။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ အမေရိကန်ခရီးစဉ်အတွင်းမှာ သမတအိုဘားမားအပါအဝင် အစိုးရပိုင်းက တာဝန်ရှိသူတွေ၊ လွှတ်တော်ဖက်က အမေရိကန်နိုင်ငံရေးခေါင်းဆောင်တွေ၊ မြန်မာ့အရေး စိတ်ဝင်စားသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထူးထူးခြားခြားပြောရရင် အခု အမေရိကန်ခရီးစဉ်သတင်းကို မြန်မာအစိုးရပိုင် သတင်းတွေမှာလည်း ဖော်ပြလာတာပါ။

မြန်မာနိုင်ငံအပြောင်းအလဲဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ဦးဆောင်ကြိုးပမ်းမှုကြောင့်ဖြစ်တယ်လို့လည်း အခု အမေရိကန်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော် ချီးကျူးသွားပါတယ်။

ဒီ အမေရိကန်ခရီးစဉ်ဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ မြန်မာ့ဒိမိုကရေစီရေးအတွက် ဘယ်လောက်အထိ ထိရောက်မှုရှိမလဲ သက်ရောက်မှုရှိမလဲ အခု သတင်းပတ် တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ သုံးသပ်ဆွေးနွေးထားပါတယ်။ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ စင်ပြိုင်အစိုးရအဖွဲ့ ဝန်ကြီး ဦးဘိုလှတင့်နဲ့ ဆန်ဖရစ္စကိုက မြန်မာ့အရေးလှုပ်ရှားသူ ဦးညွန့်သန်းတို့က အဓိက ပါဝင်ဆွေးနွေးထားပါတယ်။