လူမပြောင်းပဲ မူပြောင်းရုံနဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်မလား

လွှတ်တော် တက်ရောက်လာသူများကို တွေ့ရစဉ်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အဖုအထစ်တွေ ပေါ်လာတိုင်း ဒါဟာ စနစ်ဟောင်းရဲ့ စရိုက် အကျင့်တွေကြောင့်၊ စရိုက်ဟောင်းရဲ့ လူတွေရှိနေသေးတာကြောင့်လို့ ဝေဖန်မှုတချို့ရှိနေပါတယ်။ လူမပြောင်းပဲ မူပြောင်းရုံနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်လို့ သောတရှင်တွေ ယုံကြည်ကြသလား၊ မယုံကြည်ဘူးလားဆိုတာကို ဒီသီတင်းပတ်ရဲ့ တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်း မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်နဲ့ ပြည်သူ့ခေတ် ဂျာနယ်အယ်ဒီတာချုပ် ဦးမော်လင်းတို့ကို ပင်တိုင်ထားပြီး မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း၊ ကွမ်ဟိန်းမဲဆန္ဒနယ် ကျားဖြူပါတီ လွှတ်တော်အမတ် ဒေါ်နန်းဝါနုတို့နဲ့ ဆွေးနွေးထားတာကို နားဆင်ကြည့်ပါ။