ပြည်သူ့ဆေးရုံတွေမှာ လူနာတွေကို ဆေးကုသ ဝန်ဆောင်မှု ကောင်းကောင်းမပေးနိုင်တဲ့အပေါ် ဝေဖန်ပြောဆိုချက်တွေရှိနေသလို၊ တဖက်မှာတော့ ပြည်သူ့ဆေးရုံတွေမှာ ဆေးဝါး ဆေးပစ္စည်းမလုံလောက်တာ ဆရာဝန် သူနာပြုတွေအတွက် လုပ်ခလစာကအစ အကျိုးခံစားခွင့်အားနည်းတာတွေ ရှိနေပြန်ပါတယ်။
လူထုကျန်းမာရေးအတွက် အခြေခံကျတဲ့ ပြည်သူ့ဆေးရုံ ဆေးခန်းတွေအတွက် ဘာတွေ လိုအပ်ချက်ရှိနေပါသလဲ။ အင်္ဂါနေ့ညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ MMA မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ GP Society က ဒေါက်တာမြင့်ဦးနဲ့ အင်္ဂလန်နိုင်ငံ Leeds University Hospital က ဒေါက်တာသက်ကိုကို တို့က ဒီအကြောင်း ပင်တိုင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5