ပြီးခဲ့တဲ့ စနေနေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့တာကြောင့် အနည်းဆုံး အလုပ်သမား ၂၈ ဦးသေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ ဆက်နွယ်ပြီး တရုတ်နိုင်ငံသား ၄ ဦးကို ကမ္ဘောဒီးယားတရားရုံးက တရားစွဲဆိုလိုက်ပါတယ်။
အဆောက်အအုံပိုင်ရှင် အပါအဝင် ၄ ဦးကို နာကျင်ဒဏ်ရာရစေတဲ့ ပြစ်မှုနဲ့ လူသေဆုံးစေတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုလိုက်တာပါ။ Sihanoukville ကမ်းခြေမြို့မှာ ပြိုကျ ပျက်စီးနေတဲ့ အဆောက်အအုံကြား တနင်္လာနေ့ကတော့ အမျိုးသား ၂ ဦးကို အသက်ရှင်လျက် ဆွဲထုတ်ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီဆောက်လက်စ အဆောက်အအုံမှာ အလုပ်သမား ၅၀ ကနေ ၆၀ လောက်ထိ နေအိမ်အဖြစ် နေထိုင်နေကြတာလို့လည်း အသက်ရှင်လွတ်မြောက်လာသူတွေက ပြောပါတယ်။ ဖနွမ်းပင်မြို့ မှာရှိတဲ့ တရုတ်သံရုံးရဲ့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား အာဏာပိုင်တွေရဲ့ ဥပဒေနဲ့အညီလုပ်ဆောင်မှုတွေကို ထောက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယား နိုင်ငံ Sihanoukville ကမ်းခြေမြို့က တရုတ်က ငွေကြေးထောက်ပံ့တဲ့ ကစီနိုလောင်းကစားလုပ်ငန်း၊ လူနေအိမ်ရာတွေနဲ့ ဟိုတယ်တွေကြောင့် လတ်တလော စည်ပင်လာတဲ့ မြို့လည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5