ရွေးကောက်ပွဲ ကော်မတီသစ် ကမ္ဘောဒီးယား လွှတ်တော် အတည်ပြု

ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီ NEC ဖွဲ့စည်းပုံအသစ်နဲ့ အဖွဲ့ဝင်တွေကို ကမ္ဘောဒီးယားလွှတ်တော်က အတည်ပြုလိုက်ပါ ပြီ။ မဲဆန္ဒရှင် မှတ်ပုံတင်တဲ့ ကိစ္စနဲ့ ရွေးကောက်ပွဲတွေကြီးကြပ်မယ့် ဒီကော်မတီဖွဲ့စည်းရေးကိစ္စ လပေါင်း များစွာကြာအောင် စေ့စပ် ညှိနှိုင်းပြီးတဲ့နောက် အခုလို အတည်ပြုလိုက်တာပါ။

အာဏာရပါတီနဲ့ အတိုက်အခံ ပါတီတွေက ရွေးတဲ့ လေးဦးစီ၊ နှစ်ဘက်လုံးက သဘောတူသူတဦး စုစုပေါင်း အဖွဲ့ဝင်ကိုးဦးပါ NEC အသစ်ကို လွှတ်တော် ကိုယ်စားလှယ် ၁၁၈ ယောက်ရှိတဲ့ထဲ ၁၁၃ ယောက်ရဲ့ထောက်ခံမှုနဲ့ ကြာသပတေးနေ့မှာ အတည်ပြုလိုက် တာပါ။

အရင်ကဖွဲ့ထားတဲ့ NEC ဟာ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP ကို ဘက်လိုက်တယ်ဆိုပြီး အပြင်းအထန် ဝေဖန်ခံခဲ့ရပါ တယ်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွေပြီးတဲ့နောက် ကာလရှည်ကြာ နိုင်ငံရေးအခြေအေန မတင်မကျဖြစ်နေခဲ့တာ အဆုံးသတ် သွားစေခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ဒီ NEC ကို ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စဟာ အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ CNRP ရဲ့ အဓိကတောင်းဆိုချက်တခုဖြစ်ပါတယ်။

အခု NEC အသစ်က အဖွဲ့ဝင်အားလုံးဟာ သူတို့ရဲ့တာဝန်တွေကို မထမ်းဆောင်ခင်မှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကနေ နှုတ်ထွက်ရမယ်လို့ မဲခွဲဆုံးဖြတ်ပြီးတဲ့နောက် ဝန်ကြီးချုပ် ဟွန်ဆန်ကပြောပါတယ်။