မြန်မာနိုင်ငံဟာ သန်းပေါင်းများစွာသော ပြည်သူတွေအတွက် မျှော်လင့်ချက်ပေးနိုင်တဲ့ နိုင်ငံဖြစ်အောင် အရပ်သားအစိုးရနဲ့ စစ်တပ်တို့ ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုတယ်လို့ မြန်မာနိုင်ငံက ပထမဦးဆုံး ကက်သလစ်ရဟန်းအမတ်ဖြစ်လာသူ ကာဒီနယ်လ် ချားလ်စ်ဘိုက ပြောကြားလိုက်ပါတယ်။ အတိမ်းအစောင်းမခံနိုင်တဲ့ အဆင့် တဆင့်ကို ဖြတ်သန်းနေရဆဲ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ရှည်ရှည်ထားကြဖို့နဲ့ ဒီမိုကရေစီ အပြည့်အဝထွန်းကားလာရေး အတွက်လည်း ဆက်လက်ကူညီကြဖို့ ရဟန်းအမတ်က မေတ္တာရပ်ခံပါတယ်။
ငြိမ်းချမ်းရေး တည်ဆောက်ရမှာက မြန်မာနိုင်ငံအတွက် ပထမ ဦးစားပေးဖြစ်ပြီး ဒီမိုကရေစီက နုနယ်တဲ့ အဆင့်မှာသာ ရှိနေဆဲဖြစ်တယ်၊ အချိန်ယူကြိုးပမ်းရအုံးမှာဖြစ်တယ်လို့ မြန်မာစစ်ဗိုလ်ချုပ်တွေကို အရေးယူဖို့ ထောက်ခံတင်ပြထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အစီရင်ခံစာ ပေါ်ထွက်လာပြီးတဲ့နောက် စက်တင်ဘာ (၁၀)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကားဒီနယ်လ် ဘိုစ်က ဖေါ်ပြထားတာဖြစ်ပါတယ်။
Your browser doesn’t support HTML5